
မန်ချက်စတာမှာပဲ အနာဂတ်ဆက်ရှိဖို့များနေတဲ့ ယူနိုက်တက်စတား
အပြောင်းအရွှေ့သတင်းအချို့ထွက်နေပေမယ့်လည်း ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် အသင်းမှာပဲဆက်ရှိနေဖို့ အခြေအနေများနေပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၃ နွေရာသီတုန်းက ဒီဂီယာနေရာမှာ အိုနာနာကို အစားထိုးခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်ကနေ အိုနာနာကိုခေါ်ယူခဲ့ပေမယ့် အင်္ဂလိပ်ဘောလုံးလောကမှာ အမှားတွေဆက်တိုက်များပြားနေခဲ့တာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်လို့ မသေချာသေးတာဖြစ်ပါတယ်။
အိုနာနာကို ဆော်ဒီလိဂ်ကလပ်တွေက စိတ်ဝင်စားနေတာဖြစ်ပြီး တစ်ပတ်လုပ်ခလစာပေါင် ၂ သိန်းက သူတို့အတွက် မခက်ခဲတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကတော့ အိုနာနာအနေနဲ့ ယူနိုက်တက်ကနေထွက်ခွာမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“လက်ရှိမှာ အိုနာနာအနေနဲ့ ယူနိုက်တက်မှာဆက်နေပြီး ပြိုင်ဆိုင်ချင်နေပါသေးတယ်။ အဲ့တာ သူ့ရဲ့စိတ်ဆုံးဖြတ်ချက်ဖြစ်သလို ပြောင်းလဲနိုင်ချေလည်းရှိပါတယ်။ သူ့ဘက်က အသင်းကို ကူညီပေးချင်နေသလို အသင်းနဲ့အတူ သူ့အိပ်မက်တွေကို ဖြည့်ဆည်းချင်နေပါတယ်။ တစ်ချိန်တည်းမှာ အာမိုရင်နဲ့အတူ ယူနိုက်တက်တာဝန်ရှိသူတွေက အိုနာနာအခြေအနေကို ဆက်လက်စစ်ဆေးနေပါတယ်။ အခြေအနေက လမ်းဖွင့်ထားသလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အိုနာနာကိုယ်တိုင်ကလည်း သူ့အနေနဲ့ ယူနိုက်တက်မှာ ဆက်လက်တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် ယူနိုက်တက်အနေနဲ့ ကစားသမားရောင်းချရမှုတွေရှိနိုင်တာဖြစ်ပါတယ်။