
ရမ်ဒေးအနေဖြင့် အင်္ဂလန်အသင်းလူစာရင်းတွင်ပါဝင်လိုပါက အာဆင်နယ်မှ ထွက်ခွာရန် လိုအပ်ကြောင်း ပြောကြားလိုက်တဲ့ အဘွန်လဟော
အက်စတွန်ဗီလာနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ အဘွန်လဟောက ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်လိုပါက ရမ်ဒေးသည် ဇန်နဝါရီတွင် အာဆင်နယ်မှ ထွက်ခွာရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
အဆိုပါ အသက် ၂၅ နှစ်အရွယ် ဂိုးသမားသည် လွန်ခဲ့သည့် ၂ နှစ်က ရှက်ဖီးလ်အသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာပြီး မနှစ်က ဂန်းနားတွေရဲ့ အောင်မြင်မှုမှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘရန်ဖို့ဒ်အသင်းမှ ရာယာကို ကနဦး အငှားဖြင့် ခေါ်ယူခဲ့သည့် အာတီတာ၏ ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်သည် ရမ်ဒေးလ်ရဲ့ ပုံမှန်ပွဲထွက်ကစားခွင့် ကိုထိခိုက်လာပြီဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဂိုးသမားသည် အာဆင်နယ်၏နောက်ဆုံးနှစ်ပွဲဖြစ်သည့် အဲဗာတန် ၊ ပီအက်စ်ဗွီတို့နှင့်ကစားခဲ့သော ပွဲစဉ်တွင် ပွဲထွက်ဂိုးသမားအဖြစ်ပါဝင်ခဲ့ပြီး တနင်္ဂနွေနေ့တွင် တော့တင်ဟမ်အသင်းနှင့် ကစားမည့် မြောက်လန်ဒန်ဒါဘီ ပွဲစဉ်တွင်လည်း ပွဲထွက်ခွင့်ရရန် သေချာသလောက်ဖြစ်နေပါတယ်။
မကြာသေးမီက အင်္ဂလန်နှင့် စကော့တလန်ပွဲတွင် ပွဲထွက်ကစားခဲ့သော ရမ်ဒေးလ်သည် မေလတွင် အာဆင်နယ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် နောက်ပိုင်းကစားခဲ့သော ပွဲစဉ်များတွင် အမှားအယွင်းတစ်ချို့ကို ပြုလုပ်ခဲ့ပါတယ်။
၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး မသေချာမရေရာမှုများကြောင့် ချဲလ်ဆီးအသင်းသည် ၎င်း၏အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး ရမ်ဒေးလ်သည် ဇန်န၀ါရီလတွင် အာဆင်နယ်ထံမှ ခေါ်ယူရန်ကြိုးစားလာနိုင်ဖွယ်ရှိနေပါတယ်။
အဘွန်လဟော်က "ရမ်ဒေးလ်မှာ အခုအချိန် စိုးရိမ်ထိတ်လန့်စရာတွေရှိနေပါလိမ့်မယ်။ ယူရိုပြိုင်ပွဲတွေ ဝင်လာတော့ သူ့အင်္ဂလန်အတွက် ကစားဖူးတဲ့ အခွင့်အရေးတွေ အခုမှ ရနေပြီလို့ တွေးနေပါလိမ့်မယ်။ ဒင်းဟန်ဒါဆင်ဟာ ယူနိုက်တက်ကနေ ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့ပြီး ဂျွန်စတုန်းရဲ့ နေရာကို ဖိအားပေးနေပါပြီ။ အင်္ဂလန်အသင်းမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကလပ်အသင်းမှာလည်း လက်စွမ်းပြဖို့လိုပါလိမ့်မယ်။ သူက တစ်နေရာရာကို သွားဆော့ရမယ်၊ ဒါက ရိုးရိုးရှင်းရှင်းပဲ။ ဖီးလစ်၊ မက်ဂွာရီနဲ့ သူတို့ တွေအကြောင်း ကျွန်တော်လိုက်ပြောရမယ်ဆို ရမ်ဒေးလ် စိတ်ပျက်သွားလိမ့်မယ်။ သူဟာ သူ့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘောလုံးလောကမှာ ဘယ်သူမှ နှလုံးသားနဲ့မခံစားနေပါဘူး"လို့ ပြောကြားခဲ့ပါတယ်။