The network connection is lost.

Banner Image

လူငယ်တိုက်စစ်မှူးလေးကို ချီးကျူးလိုက်တဲ့ အင်တာမီလန်နည်းပြ ချီဗူ

ဆက်ဆူအိုလိုကို ၂-၁ နဲ့အနိုင်ရပြီးနောက် အင်တာမီလန်အသင်းနည်းပြ ချီဗူက အသက် ၂၀ အရွယ်လူငယ်တိုက်စစ်မှူး အက်စ်ပိုဆီတိုရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်ပါတယ်။ ချီဗူက အကယ်ဒမီထွက်ကစားသမားလေးရဲ့ ရင့်ကျက်မှု ၊ စွယ်စုံရမှုကို ချီးကျူးခဲ့သလို ဘာမဆိုလုပ်နိုင်စွမ်းရှိပြီး စီနီယာအသင်းမှာ နေရာရလာနိုင်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အင်တာမီလန်နည်းပြက အသက် ၂၀ အရွယ်ကစားသမားလေးရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပြီး နေရာပေးဖို့ ပြင်ဆင်နေပါတယ်။ အင်တာဟာ တနင်္ဂနွေနေ့တုန်းက မဖြစ်မနေနိုင်ပွဲလိုအပ်ခဲ့တာဖြစ်ပြီး ယခင်လိဂ်ပွဲ ၂ ပွဲဆက်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဆက်ဆူအိုလိုဘက်က ချေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့်လည်း အင်တာမီလန်က ဒီမာကို ၊ တာရစ်တို့ရဲ့ OG ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ၄ ပွဲကစားပြီးချိန်မှာ အင်တာမီလန်ဟာ အဆင့် ၁၀ နေရာအထိတက်ရောက်လာခဲ့ပါတယ်။ “သူက ကွင်းထဲမှာ တာဝန်ယူမှုပေးစွမ်းခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲအပြင် အခုညပွဲမှာလည်း သူက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် သူကဖိအားတွေကို ကိုင်တွယ်နိုင်သလို ကွင်းထဲမှာပြိုင်ဘက်နဲ့ယှဉ်လုရာမှာလည်း ကိုင်တွယ်နိုင်ပါတယ်။ အလုပ်လည်းကြိုးစားတဲ့ကောင်လေးပါ။ သူလုပ်ပြနေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းကျေနပ်ပါတယ်။

တိုက်စစ်မှူးတွေက အခုလိုအရည်အချင်းရှိရမှာဖြစ်ပြီး ပီအိုက အရာအားလုံးလုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော် သူ့အတွက်ပျော်ပါတယ်။ အခုနိုင်ပွဲက ကျွန်တော်တို့အတွက် လိုအပ်ပါတယ်။ ကျွန်တော်တို့ အဆုံးသတ်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ မှန်ကန်တဲ့စရိုက်လက္ခဏာ ၊ ဆုံးဖြတ်ချက် နဲ့ မှန်ကန်တဲ့ဦးတည်ချက်ရှိခဲ့တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်”လို့ ချီဗူက ပြောကြားခဲ့ပါတယ်။

လာမယ့်ပွဲတွေမှာလည်း ပီအိုတစ်ယောက် ပွဲထွက်ခွင့်ရချင်နေပြီး အင်တာဟာ အခုအရှိန်အဟုန်ကို ချန်ပီယံလိဂ်မှာပါ ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ လာမယ့်အပတ်မှာ အင်တာမီလန်ဟာ ကက်ဂလီယာရီအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။