The network connection is lost.

Banner Image

မန်စီးတီးရဲ့ ကစားသမားခေါ်ယူမှုအပေါ် ခွဲခြားဝေဖန်ခံနေရတယ်လို့ဆိုကာ အာဆင်နယ်ကိုလှောင်ပြောင်လိုက်တဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းရဲ့ မနက်ဖြန်ည အာဆင်နယ်နဲ့ကစားရမယ့်ပွဲစဉ်မတိုင်ခင် မီကယ်အာတီတာ နဲ့ အန်းစလော့ တို့သာ ဖလားရရှိခဲ့မယ်ဆိုရင် နည်းပြစွမ်းရည်ထက် ကစားသမားခေါ်ယူမှုကြောင့်လို့သာ သတ်မှတ်ခံရလိမ့်မယ်လို့ အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။ "ကျွန်တော့်ရဲ့မိတ်ဆွေ မီကယ်အာတီတာကိုပြောချင်တာကတော့ သူသာဖလားရရှိခဲ့မယ်ဆိုရင် အလုပ်ကြိုးစားတာကြောင့် (သို့) ကစားသမားတွေကြောင့်မဟုတ်ဘဲ သူက ပိုက်ဆံအများကြီးသုံးခဲ့တာကြောင့်သာဖြစ်မှာပါ။ လီဗာပူးအသင်းလိုပါပဲ။ အကယ်၍ စလော့သာ ဖလားထပ်ရခဲ့မယ်ဆိုရင် သူ ပိုက်ဆံအများကြီးသုံးခဲ့လို့ဖြစ်မှာပါ။ ဟုတ်တယ်မလား? ဘာလို့လဲဆိုတော့ မန်စီးတီးမှာပဲ ဖြစ်ခဲ့တာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? ဒါကြောင့် သူတို့အားလုံးကိုပြောတာပါ"လို့ ပြောခဲ့ပါတယ်။

အဆိုပါမှတ်ချက်ဟာ အာဆင်နယ်အသင်းက မာတင်ဇူဘီမန်ဒီ၊ အီဘရာချီအီဇီနဲ့ ဗစ်တာယောကရက်စ်တို့ကို ပေါင် သန်း ၂၅၀၊ လီဗာပူးအသင်းကလည်း ပေါင် ၄၄၀ သန်းအထိသုံးစွဲခဲ့ခြင်းအပေါ် ရည်ရွယ်ပြောဆိုခဲ့ပုံရပါတယ်။  ဂွါဒီယိုလာက ကစားသမား ဝယ်ယူမှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပေမဲ့ အာတီတာလက်ထက်မှာ အာဆင်နယ်အသင်းတိုးတက်လာတာကိုတော့ ချီးကျူးခဲ့ပါတယ်။

ဂွါဒီယိုလာ"သူတို့က ဘောလုံးဉာဏ်ကောင်းကြပါတယ်။ သူတို့က ပရီးမီးယားလိဂ်နဲ့ ဥရောပမှာအကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ သူတို့ယုံကြည်တဲ့အတိုင်းသုံးစွဲခဲ့ကြပြီး အဲဒီအဆင့်ကိုရောက်ရှိလာခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်ထင်တာကတော့ သူကအသင်းတစ်သင်း၊ ကလပ်တစ်ခုကို အဲဒီနည်းလမ်းအတိုင်းရှာဖွေနိုင်ခဲ့တယ်။ တစ်ဆင့်ပြီးတစ်ဆင့်၊ ပြောင်းလဲမှုအလိုက်၊ တစ်ဆင့်ပြီးတစ်ဆင့် အာဆင်နယ်အသင်းက ပိုပြီးတော့ကောင်းမွန်လာခဲ့ပါတယ်။ ဒါကြောင့် ဥရောပမှာပြီးခဲ့တဲ့ရာသီကဆိုရင် အံ့သြဖွယ်ကောင်းတဲ့ခြေလှမ်းတွေလှမ်းနိုင်ခဲ့ပြီး ကျွန်တော့်အတွက်တော့ အခိုင်မာဆုံးအသင်းတစ်သင်းပါပဲ။ နောက်တန်းမှာအမှားမရှိသလောက်ပါပဲ၊ အရမ်းကို တောင့်တင်းတဲ့အသင်းတစ်သင်းပါ"လို့ ပြောခဲ့ပါတယ်။