The network connection is lost.

Banner Image

လူတန်နဲ့ပွဲစဉ်အတွင်း ဒဏ်ရာပြန်ရသွားတဲ့ ဂရီးလစ်ရှ်ရဲ့အခြေအနေကို ရှင်းပြလာတဲ့ ပက်ဂွါဒီယိုလာ

ဒီနေ့မနက်ပိုင်း၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် လူတန်တောင်းကို ၆-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့် ဂျက်ဂရီးလစ်ရှ်ဒဏ်ရာပြဿနာ ပြန်လည်ပေါ်ပေါက်လာမှုက မန်စီးတီးအတွက် စိတ်ပျက်စရာဖြစ်လာပါတယ်။ မန်စီးတီးကို ကွာတားဖိုင်နယ်အဆင့်ဆီ ရောက်ရှိစေမယ့် ဟာလန်းရဲ့စံချိန်တင်သွင်းဂိုးတွေ မြင်တွေ့ခဲ့ရပေမယ့် ဂရီးလစ်ရှ်ရဲ့ဒဏ်ရာအခြေအနေ ဆုတ်ယုတ်မှုက ပက်ဂွါဒီယိုလာအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။
 
အခုလအစောပိုင်း၊ ကိုပင်ဟေဂင်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသက်-၂၈ နှစ်အရွယ် ဂရီးလစ်ရှ်ဟာ ပေါင်ခြံပြဿနာကို ကနဦးခံစားလာခဲ့ရပါတယ်။ အသင်းရဲ့ ပွဲစဉ်နှစ်ခုကို လွဲချော်ခဲ့ပြီးနောက် သူက ဘုန်းမောက်နဲ့ရင်ဆိုင်ရတဲ့ လိဂ်ပွဲစဉ်မှာ မန်စီးတီးရဲ့အရန်လူစာရင်းအတွင်း ပါဝင်လာခဲ့ပါတယ်။
 
ဒီနေ့မနက်ပိုင်းပွဲစဉ်မှာလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားက ကလပ်အသင်းအတွက် ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် ပထမပိုင်းပွဲချိန် ၃၈ မိနစ်မှာပဲ ဒဏ်ရာပြဿနာပေါ်ပေါက်လာလို့ ဒိုကူနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ အခုလိုအခြေအနေတွေကြောင့် ကစားသမားရဲ့စိတ်ပျက်ရမှုကိုလည်း ရုပ်မြင်သံကြားထုတ်လွှင့်သူတွေက တိုက်ရိုက်တင်ဆက်ပြသနိုင်ခဲ့ပါတယ်။
 
ဂရီးလစ်ရှ်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ကျွန်တော်ကိုယ်တိုင် အသင်းဆရာဝန်နဲ့ စကားမပြောဖြစ်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့အခြေအနေက ပေါင်ခြံဒဏ်ရာနဲ့ အတော်လေးဆင်တူတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂရီးလစ်ရှ်ရဲ့ခံစားချက် အရမ်းကောင်းမွန်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ဒဏ်ရာပြန်ရသွားပါတယ်။ သူ့အတွက်တော့ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုပါ။ သူပြန်ကောင်းလာဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
 
ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ဖို့ ရည်မှန်းထားတဲ့ မန်စီးတီးက အခုသီတင်းပတ်ကုန်မှာ အရေးပါလှတဲ့ မန်ချက်စတာဒါဘီလိဂ်ပွဲစဉ်ကို ဆင်နွှဲရဖို့ ရှိနေပြီး ဂရီးလစ်ရှ်ပါဝင်ကစားနိုင်ဖို့ ရှိ၊မရှိ အတိအကျမသိရသေးပါဘူး။