The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြဟောင်းကို ဇာဘီ အလွန်ဆိုနှင့် နှိုင်းယှဉ် ပြောကြားလိုက်တဲ့ လေဗာကူဆင်ကြယ်ပွင့်

လေဗာကူဆင် နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာ ဟာ အဲရစ် တန်ဟက် နဲ့ နည်းပြဟောင်း ဇာဘီ အလွန်ဆို တို့ကြားက အဓိက တူညီချက်တစ်ခုကို မီးမောင်းထိုးပြလိုက်ပါတယ်။ ဂျိုနသန် တာ ထွက်ခွာသွားပြီးနောက် လေဗာကူဆင်ရဲ့ နောက်ခံလူတန်းကို ဦးဆောင်ဖို့ မျှော်လင့်ခံထားရတဲ့ တက်ပ်ဆိုဘာဟာ နည်းပြသစ် တန်ဟက်ရဲ့ ကစားဟန်က သူ့အတွက်ရော ကလပ်အတွက်ပါ ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ ဖြစ်ပြီး နယ်သာလန် နည်းပြရဲ့ ဘောလုံးတည်ဆောက်မှု ဒဿနဟာ နည်းပြဟောင်း ဇာဘီ အလွန်ဆိုနဲ့ ဆင်တူကြောင်း ယုံကြည်နေပါတယ်။

လေဗာကူဆင်မှာ အောင်မြင်တဲ့ သက်တမ်းတစ်ခု ပြီးဆုံးပြီးနောက် အလွန်ဆိုဟာ ဒီနွေရာသီမှာ ကာလို အန်ဆယ်လော့တီ ရဲ့ နေရာကို အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စပိန်နည်းပြရဲ့ နေရာကို အစားထိုးဖို့ အားကစားဒါရိုက်တာ ဆိုင်မွန် ရောလ်ဖက်စ် ဟာ ယူနိုက်တက် နည်းပြဟောင်း တန်းဟက်ကို ပစ်မှတ်ထားခဲ့ပါတယ်။အလွန်ဆို ထွက်ခွာပြီးနောက် ဖလိုရီယန် ဝါ့ဇ် ၊ ဂျေရီမီ ဖရမ်ပွန် နဲ့ တာ တို့လို ကစားသမားတချို့ ကလပ်ကနေ ထွက်ခွာသွားခဲ့ပြီး ၁၀ ရာသီကြာ ကလပ်အတွက် ကစားပေးခဲ့တဲ့ တာရဲ့ ဆက်ခံသူအဖြစ် တက်ပ်ဆိုဘာကို သတ်မှတ်ထားပါတယ်။ ၂၀၂၀ ခုနှစ်ကတည်းက အသင်းကို ရောက်ရှိလာခဲ့တဲ့ တက်ပ်ဆိုဘာဟာ လက်ရှိအသင်းမှာ အကြာဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ခံလူက Bild နဲ့ အင်တာဗျူးမှာ "ကျွန်တော် သူ့ကို အေဂျက်စ် ကတည်းက သိပါတယ်။ သူ့ရဲ့ ကစားဟန်က ဇာဘီ အလွန်ဆိုနဲ့ ဆင်တူပါတယ်။ ပွဲတည်ဆောက်ပုံမှာလည်း အဲဒီအတိုင်းပါပဲ။ ဒါက ကျွန်တော့်ရဲ့ ကစားဟန်နဲ့ ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ ဖြစ်ပါတယ်"

"အရာအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။ ကျွန်တော်တို့ ဘရာဇီးကို ရောက်လာပြီး ကစားသမားတွေ အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ကျွန်တော်တို့မှာ နည်းပြအသစ်ရှိပါတယ်။ လာမယ့်ရာသီအတွက် ကျွန်တော်တို့ လိုက်လျောညီထွေဖြစ်အောင် နေရပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အလုပ်ပါ။ ဟုတ်ပါတယ်။ ကျွန်တော် အခု တာဝန်ယူမှု ပိုများလာပါပြီ။ ကျွန်တော်ဟာ တာ ဆီကနေ အများကြီး သင်ယူခဲ့ရပြီး အခုတော့ ကျွန်တော့်အလှည့်ပါ။ ကျွန်တော် အသင်းကို ကျွန်တော်တတ်နိုင်သလောက် အကောင်းဆုံး ကူညီဖို့ ကြိုးစားနေပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့လည်း ပါဝင်ပါတယ်။ တာ နဲ့ ကျွန်တော် အဲဒီအကြောင်း ပြောခဲ့ကြပြီး အခုက ကျွန်တော် နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် အချိန်မှန်ဖြစ်တယ်လို့ သူ ထင်ပါတယ်။ ကျွန်တော် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်ပါတယ်။ အသင်းရဲ့ အသံထွက်ခေါင်းဆောင်တွေထဲက တစ်ဦးအနေနဲ့လည်း ပါဝင်ချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်ဟာ တန်ဟက် လက်အောက်မှာ ဇူလိုင် ၁၈ ရက်က ဖလာမင်ဂို ယူ-၂၀ အသင်းကို ၅-၁ ဂိုး နဲ့ ရှုံးနိမ့်ပြီး စတင်ခဲ့ပါတယ်။ သူတို့ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ နောက်ထပ် ခြေစမ်းပွဲအဖြစ် ဘိုချမ် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။