
ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အီဒါဆန်နဲ့ ပတ်သက်တဲ့ သံသယတွေကို ငြင်းပယ်လိုက်တဲ့ ဂွါဒီယိုလာ
မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာဟာ စနေနေ့မှာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဂိုးသမား အီဒါဆန်ကို ထောက်ခံစကား ပြောခဲ့ပါတယ်။ ပွဲပြီးခါနီးအချိန်က ဖောရက်စ်အတွက် ဟတ်ဆန်အိုဒွိုင်းရဲ့ အနိုင်ဂိုးမှာ အီဒါဆန်ရဲ့ အမှားက တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။ ဂွါဒီယိုလာက "ဒါက ဖြစ်တတ်တာပဲ"
"ကျွန်တော် ဘယ်တော့မှ ကစားသမားတစ်ယောက်ကို အပြစ်မတင်ပါဘူး။ ချီးကျူးတာကို ပိုနှစ်သက်တယ်။ ဘယ်တော့မှ အပြစ်မပြောပါဘူး။ ကျွန်တော် အဲဒီ ဖြစ်ရပ်ကို မမြင်ခဲ့ရပေမယ့် ဒါက ဘောလုံးပါပဲ။ ဟတ်ဆန်အိုဒွိုင်းရဲ့ ကောင်းမွန်တဲ့ လှုပ်ရှားမှုဘာမှ ပြောစရာ မရှိပါဘူး" လို့ ပြောခဲ့ပါတယ်။
မန်စီးတီးဟာ အဆိုပါပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်း ရခဲ့ပြီး ဂွါဒီယိုလာက "ပွဲက ကစားရကျပ်ခဲ့ပါတယ်" "နောက်ဆုံးမှာ transition တစ်ကြိမ် ဖြစ်သွားတာပါ။ ကျွန်တော်တို့ ဘောလုံးပေးမှု လွဲချော်ခဲ့ပါတယ် သူတို့က transition လုပ်ပြီး ဂိုးသွင်းခဲ့တယ်" "ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေမှာ နည်းနည်း နှေးကွေးခဲ့ပါတယ်။ အခွင့်အရေး ဖန်တီးဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြိုင်ဘက်ကို အမြဲတမ်း ချီးကျူးရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ခံစစ်မှာ အရမ်းကောင်းကောင်း ကစားခဲ့လို့ပါ"
"ကျွန်တော်တို့ အဓိက ခြိမ်းခြောက်မှုဖြစ်တဲ့ ခရစ်ဝုဒ်ကို ပေးတဲ့ long ball နဲ့ second ball တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါက အရမ်းကောင်းခဲ့ပါတယ်။ ပြီးတော့ transition တွေမှာ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ အမြဲတမ်း အရမ်းကောင်းခဲ့တယ်" လို့ ပြောပါတယ်။