The network connection is lost.

Banner Image

ဟိုဝီနဲ့ရင်ဆိုင်ဖို့ပြင်ဆင်ရင်း အိပ်ရေးပျက်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လတ်တလောမှာ နယူးကာဆယ်က သူတို့ရဲ့ကာရာဘောင်ဖလားလက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကို ကာကွယ်ဖို့ ရည်ရွယ်ထားသလို မန်စီးတီးကလည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီနောက်ပိုင်း၊ ဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အောင်မြင်မှုဆွတ်ခူးနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

မန်စီးတီးက အက်ဖ်အေဖလားပြိုင်ပွဲမှာ အိတ်စ်တာကို ၁၀-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူမှုအပါအဝင် နောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲနိုင်၊ သုံးပွဲသရေဆိုတဲ့ရလဒ်ကို ဖန်တီးထားပါတယ်။ ကနဦးအနေဖြင့် ပက်ဂွါဒီယိုလာဆီ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးဆုဖလားအောင်မြင်မှုဖြစ်တဲ့ လက်ရှိကာရာဘောင်ဖလားချန်ပီယံဂုဏ်ပုဒ်ကိုထိန်းသိမ်းဖို့ နယူးကာဆယ်မှာ ဖိအားတွေရှိနေမလားဆိုတဲ့ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။

ပက်ဂွါဒီယိုလာက “ No. လက်ရှိချန်ပီယံဂုဏ်ပုဒ်ကြောင့် နယူးကာဆယ်မှာ ဖိအားတွေပိုများနေမလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူတို့တွေက နှစ်ပေါင်းများစွာကြာ အကောင်းဆုံးလုပ်ပြခဲ့ပြီးပါပြီ။ အခုတော့ ကျွန်တော်တို့လည်း ပြန်လာပါပြီ။ နယူးကာဆယ်ဆိုရင် ယမန်နှစ်ဘောလုံးရာသီ၊ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့တွေက ချန်ပီယံဖြစ်သလို ကစားသမားသစ်တွေအတွက် ဗိုလ်လုပွဲတစ်ခုတက်ရောက်ဖို့ အခွင့်အရေးလည်း ရှိနေပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး မန်စီးတီးနည်းပြက ငှက်ကျားတွေအကြောင်းပြောဆိုရာမှာ အက်ဒီဟိုဝီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဟိုဝီရဲ့အသင်းက လတ်တလောနှစ်တွေအတွင်း မန်စီးတီးနဲ့ထိပ်တိုက်တွေ့ဆုံတဲ့ နောက်ဆုံးအိမ်ကွင်းလေးပွဲအနက် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ ဟိုဝီကိုဘယ်လိုအနိုင်ယူရမလဲဆိုတာ စဉ်းစားရင်း ကျွန်တော်တော့ အိပ်မပျော်ခဲ့ပါဘူး။ ကျွန်တော်က တစ်ပွဲတည်းအပြီးယှဉ်ပြိုင်ကစားရတာကို ပိုကြိုက်ပါတယ်။ ဆီမီးဖိုင်နယ်ကို တစ်ပွဲတည်းပဲ ကစားချင်ပါတယ်။ ဟိုဝီတာဝန်ယူပြီးနောက်ပိုင်း နောက်ဆုံးမိနစ်နိုင်ပွဲတွေ ဘယ်လောက်တောင်ရှိခဲ့သလဲဆိုတာကို ပြန်ကြည့်လိုက်ပါဦး။ ဒီကွင်းကြီးထဲမှာရှိနေတဲ့အရာက ထူးရှယ်ပါပဲ”လို့ ဆိုပါတယ်။