The network connection is lost.

Banner Image

ပေါ်တူဂီအတွက် မျက်ရည်ကျခဲ့တဲ့ ရော်နယ်ဒိုကို ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ ပယ်ဟင်ဟာ

ပေါ်တူဂီအသင်းဟာ တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်က စိုးရိမ်စရာကောင်းခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ နောက်ဆုံး ၈ သင်းအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒိုဟာ အချိန်ပိုတွင် ပင်နယ်တီလွဲချော်မှု အပါအဝင် ပွဲချိန်အတွင်း ဂိုးသွင်းရန် အခွင့်အရေးများစွာကို ဆုံးရှုံးခဲ့ပြီးနောက် ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ကစားသမားဟာ သူ့ရဲ့လွဲချော်မှုအပြီးမှာ မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအချိန်ပိုမစမီ ဖူလ်ဟမ်ကွင်းလယ်ကစားသမား ပယ်ဟင်ဟာ အပါအဝင် အသင်းဖော်အများအပြားက ၎င်းတို့ရဲ့အသင်းခေါင်းဆောင်အား အားပေးစကားများပြောနေတာကို တွေ့ရှိခဲ့ရပါတယ်။

ပေါ်တူဂီဟာ ပွဲအပြီးတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် နိုင်ပွဲရရှိခဲ့ပြီး ရော်နယ်ဒိုကလည်း ဂိုးသွင်းနိုင်ခဲ့သလို ဂိုးသမား ဒီယိုဂိုကော်စတာက ပင်နယ်တီ ၃ လုံးဆက် ကာကွယ်နိုင်ခဲ့တာကြောင့် နည်းပြမာတီနက်ဇ်ရဲ့ အသင်းက ၃-၀ ဂိုးဖြင့် နောက်တဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။  

အယ်လ်နာဆာကြယ်ပွင့်ဟာ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြောခဲ့တဲ့စကားတွေကို ပယ်ဟင်ဟာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ "နောက်ထပ် ပင်နယ်တီကို ကန်ရမယ်လို့ ခရစ္စတီယာနိုကို ကျွန်တော်တို့ ပြောခဲ့ပါတယ်" "သူဟာ ဘောလုံးယူခဲ့ကာ ပထမဆုံးပင်နယ်တီကို ကန်သွင်းခဲ့ပြီး သူ့ရဲ့ ပုံစံကိုပြသခဲ့ပါတယ်"  "အထက်သို့တက်နေသူကလည်း ကျရှုံးနိုင်ပါတယ်။ သူဂိုးဘယ်လောက်သွင်းထားလဲဆိုတာ အားလုံးသိပါတယ် ပင်နယ်တီနဲ့ပတ်သက်ရင် သူ့အကြောင်း သီးသန့်ပြောနေစရာမလိုပါဘူး" "ဒါဟာ စိုးရိမ်စရာဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး အထူးသဖြင့် အဲဒီအချိန်က ခရစ္စတီယာနိုနဲ့ ကျွန်တော်တို့ရဲ့ စည်းလုံးမှုကို ပြသခဲ့ပါတယ်" "အဲဒါက ခရစ္စတီယာနိုပါ။ ဒါပေမယ့် တခြားသူတွေလည်း ဖြစ်နိုင်သလို အသင်းရဲ့ သဘောထားကလည်း အတူတူပါပဲ" လို့ ပယ်ဟင်ဟာက Stadium Astro ကို ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက ပင်နယ်တီလွဲချော်ခဲ့တာကြောာင့် သူ့ရဲ့မျက်ရည်ကျတဲ့တုံ့ပြန်မှုကို ရှင်းပြခဲ့ပါတယ်။ "အားအကောင်းဆုံးသူတွေတောင် သူတို့ရဲ့ဆိုးရွားတဲ့နေ့တွေ ရှိကြပါတယ်" "အသင်းက ကျွန်တော့်ကို အလိုအပ်ဆုံးအချိန်မှာ မလုပ်နိုင်ခဲ့ပါဘူး။ အစတုန်းကတော့ ကျွန်တော် ဝမ်းနည်းခဲ့ပေမယ့် အခု ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဘောလုံးဆိုတာ ဒီလိုပါပဲ။ အခိုက်အတန့်တွေ၊ နားမလည်နိုင်တဲ့ အခိုက်အတန့်တွေပါပဲ" လို့ ရော်နယ်ဒိုကပြောပါတယ်။

ပေါ်တူဂီဟာ သောကြာနေ့ ဟမ်းဘတ်မှာ ကွာတားဖိုင်နယ်အဖြစ် ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။