The network connection is lost.

Banner Image

အာတီတာရဲ့လက်အောက်မှာ အာဆင်နယ်ကြယ်ပွင့်တစ်ဦးက ဆုတ်ယုတ်သွားပြီလို့ ပြောကြားလိုက်တဲ့ ပေါလ်စခိုးလ်

မာတီနယ်လီဟာ ၂၀၂၂-၂၃ ရာသီတုန်းက အာဆင်နယ်အတွက် ခြေစွမ်းပြသခဲ့တဲ့ ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံတွင် ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဘရာဇီးလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ၈ ဂိုးသာရရှိခဲ့ပြီး ယခုအချိန်အထိကစားထားတဲ့ ၂၂ ပွဲတွင် ၄ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

The Overlap ရဲ့ နောက်ဆုံး Fan Debate တွင် စခိုးလ်နှင့် ဂျင်မီကာရေဂါတို့နှစ်ဦးစလုံးဟာ မာတီနယ်လီအပေါ် သံသယများ တိုးပွားလာကာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းက အာတီတာဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲတွင် လီဗာပူးကိုကျော်ဖြတ်နိုင်ရန် သူ့ရဲ့ကွင်းလယ်ကစားသမားများထံမှ စွမ်းဆောင်ရည် ပိုမိုလိုအပ်နေတယ်လို့ ယုံကြည်နေပါတယ်။

"ဒါဟာ တိုက်စစ်မှူး ဒါမှမဟုတ် ထိပ်တန်းတိုက်စစ်ကစားသမားတစ်ယောက်လို့ ထင်နေတာလား" လို့ ကာရေဂါက အာဆင်နယ်အကြောင်း ပြောခဲ့ပါတယ်။ "မာတီနယ်လီကို ကြည့်လိုက်တော့ ဒီအသင်းကို အခုမှစတည်ဆောက်တုန်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဖြစ်မယ်ထင်တယ်။ အိုဒီဂတ်၊ ဆာကာ နဲ့ မာတင်နယ်လီတို့ဟာ အဆင့်တူပဲ။ သူတို့ကဆက်ပြီး ထိပ်တန်းကစားသမားတွေဖြစ်လာသလို ခံစားရတယ်"

"အခြားနှစ်ယောက်ကတော့ ရှိအုံးမယ်ထင်ပေမယ့် မာတီနယ်လီအတွက်တော့ မသေချာဘူး" လို့ ကာရေဂါက ပြောပါတယ်။ ထို့နောက် စခိုးလ်က "ဟုတ်တယ် သူက နည်းနည်းလောက် နောက်ပြန်ရောက်သွားသလို ခံစားရတယ်" "လွန်ခဲ့တဲ့ ၁၈ လက နဲ့ တစ်နှစ်လောက်တုန်းက အရမ်းကောင်းတဲ့ ကစားသမားလို့ ထင်ခဲ့တာ ပြီးတော့ နည်းနည်းလောက်တော့ ရပ်တန့်သွားတယ်"

"သူက အသက်ငယ်သေးတယ် မဟုတ်လား။ ရာသီကြိုမှာ အထောင်တိုက်စစ်မှူးဆိုတာ အမြဲတမ်း အာဆင်နယ် လိုအပ်တယ်လို့ ခံစားခဲ့ရပြီး အကြောင်းတစ်ခုခုကြောင့် မန်နေဂျာက လုပ်မယ်လို့ မထင်ပါဘူး" "နောက်တော့ ကျွန်တော်တို့အားလုံးက အိုဒီဂတ် အသင်းသို့ ပြန်လာရင် ပိုပြီးဖန်တီးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူက အာဆင်နယ်ကို ပိုကောင်းတဲ့အသင်းဖြစ်အောင် ဖန်တီးပေးလိုက်ပြီလို့ ထင်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီက အရမ်းခက်ပြီး ဘယ်သူတော့ ထွက်သွားမလဲ"

"နေရာတိုင်းက ဂိုးတွေ လိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်အတွက် ကွင်းလယ်ဧရိယာက လာတာ မတွေ့မိပါဘူး" "ရိုက်စ်က အသင်းအတွက် ၁၀ ဂိုး၊ ၁၅ ဂိုးလောက်သွင်းနိုင်မယ်လို့ ထင်နေကြပေမယ့် ကျွန်တော်တော့ မမြင်မိပါဘူး။ ဆာကာကလွဲလို့ တခြားဘယ်မှာမှမတွေ့ဘူး။ ဟာဗက်ဇ်လည်း ဂိုးကောင်းကောင်း မသွင်းနိုင်ဘူး။ အိုဒီဂတ် ရှိသေးတယ်လို့တော့ ထင်တယ်။ အခွင့်အရေးတွေရလာပြီး နောက်ဆုံးမှာ သူရထားတဲ့ အရည်အသွေးနဲ့အတူ ပါဝင်နိုင်တော့မှာ ဖြစ်ပေမယ့် အားလုံးက ပံ့ပိုးပေးရမယ်လို့ ထင်ပါတယ်"

"တစ်ချိန်ချိန်မှာ ပွဲအပေါ် သောက်ရောက်မှုရှိဖို့ ကြိုးစားရမယ်။ ဒီနေ့ခေတ်မှာ ကွင်းလယ်က ပွဲကို ထိန်းချုပ်ဖို့၊ ခံစစ်ကို ကူညီဖို့ ကြိုးစားပေနေမယ့် မင်းဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဆိုရင် ပွဲရဲ့ ကဏ္ဍတိုင်းပါပဲ။ 

တစ်ယောက်ယောက်က ပွဲတစ်ပွဲကို အနိုင်ယူဖို့ ကြိုးစားရမှာပဲ အဲဒါကို တွေးနေပုံမပေါ်ဘူး။ တာဝန်မယူဘဲ ငါက ငါ့နေရာကို ကစားနေတာ ငါအဆင်ပြေရင်ပြီးရော ဆိုပြီးမရဘူး။ လိဂ်တစ်ခုမှာ အနိုင်ရဖို့အတွက် ကစားသမားတိုင်းက ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။