ပေါ့ဂ်ဘာအား မာဆေးလ်သို့ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်တဲ့ ပါရက်
ပြင်သစ်နိုင်ငံသားက စိန်ခေါ်မှုအသစ်ရှာဖွေနေတဲ့အချိန်မှာတော့ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ လီဂူးဝမ်းကလပ်သို့ ပြောင်းရွှေ့ရန် ပေါ့ဂ်ဘာအား ပါရက်က တိုက်တွန်းလိုက်ပါတယ်။
လိုင်လီနှင့် ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲမတိုင်မီမှာ သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဟောင်းအား မာဆေးလ်သို့ ပြောင်းရွှေ့ရန် တိုက်တွန်းထားပါတယ်။ ဒါဟာ ပြစ်ဒဏ်အား ၁၈ လအထိ လျော့ချခြင်းခံခဲ့ရပြီးနောက် ပေါ့ဂ်ဘာဟာ မတ်လ ၂၀၂၅ ခုနှစ်မှာ ကစားနိုင်တော့မှာဖြစ်ပါတယ်။
ပြင်သစ်ကနေ ဝက်စ်ဟမ်းသို့ မပြောင်းရွှေ့ခင်မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ၊ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ပေရက်ဟာ နှစ်ကြိမ်တိုင်တိုင် ကစားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ကလပ်အတွက် ၃၂၆ ပွဲကစားခဲ့ပြီး ၇၈ ဂိုးအထိ သွင်းယူခဲ့တဲ့ ပါရက်ဟာ ကလပ်ရဲ့ ဂန္တဝင်တစ်ဦးအဖြစ် စဉ်းစားလို့ရနေတာဖြစ်ပြီး အမြဲတမ်းကြိုဆိုခြင်း ခံနေရသူဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ပါရက်က မီဒီယာကို ပြောကြားခဲ့ပါတယ်။
ပေါ့ဂ်ဘာရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း မေဆန်ဂရင်းဝုဒ်နှင့် ပြန်လည်ပေါင်းစည်းဖို့နှင့် ပတ်သက်ပြီး ပါရက်က "ပေါ့ဂ်ဘာ ပြန်လာမှာကို မာဆေးလ် ပရိသတ်တွေအားလုံးက သဘောကျမျာပါ။ ဒါက အမှန်လား အမှားလားဆိုတာကိုတော့ ကျွန်တော် သေချာမပြောနိုင်ပါဘူး။ လက်ရွေးစင်အသင်းမှာ သူနဲ့အတူ ကစားခဲ့ဖူးပြီး သူကတော့ ဘယ်ကိုသွားရမလဲဆိုတာကို သိနေပြီဖြစ်ပါတယ်။ သူက ဒီမှာကစားခဲ့ဖူးသူဖြစ်ပြီး မာဆေးလ်လို ကလပ်က သူ့ဆီကနေ အကျိုးအမြတ် ရရှိနိုင်မှာပါ" လို့ ပြောပါတယ်။