The network connection is lost.

Banner Image

ဘာစီလိုနာက ချဉ်းကပ်ခဲ့ပြီးနောက် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ကွင်းလယ်လူ ပါတေးတစ်ယောက် အမ်းမရိတ်မှာဆက်နေဖို့ ပြင်ဆင်နေပြီး ကြီးမားတဲ့ကမ်းလှမ်းမှုတွေကို ငြင်းဆန်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်သား နဲ့ အာဆင်နယ်တို့ကြား လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံး ၂ လထဲရောက်လာခဲ့ပြီဖြစ်ပါတယ်။

အဆိုပါအနေအထားအရ ဂါနာသားဟာ လာမယ့်ဇူလိုင်လ ၁ ရက်နေ့မှာ အလွတ်နဲ့ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ စာချုပ်အခြေအနေအတွက် တစ်လျှောက်လုံးညှိနှိုင်းနေပေမယ့် အာတီတာ ပါတေးကို စာချုပ်သက်တမ်းတိုးချင်နေပါတယ်။ ပါတေးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲမှာ လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေက အသင်းကနေထွက်ခွာမှာကို စိုးရိမ်နေကြပါတယ်။

ပါတေးကို ဘာစီလိုနာ ၊ တီကိုတို့အပြင် ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် သတင်းတွေအရ ပါတေးဟာ အာဆင်နယ်မှာဆက်နေချင်နေပြီး ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင် စာချုပ်သက်တမ်းတိုးချင်နေပါတယ်။ပါတေးအနေနဲ့လည်း လန်ဒန်မြေမှာ အထိုင်ကျနေပြီး မကြာခင်မှာ အာဆင်နယ်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ ၃ ရာသီဆက် အဆင့် ၂ နေရာနဲ့သာ ရာသီသိမ်းနိုင်ဖို့ နီးစပ်နေသလို ချန်ပီယံလိဂ်မှာလည်း ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုနွေရာသီမှာသာ ထိပ်တန်းတိုက်စစ်မှူးရောက်လာခဲ့ရင် အာဆင်နယ်စတားတော်တော်များများက လာမယ့်ရာသီဆုဖလားရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ အီဆက် ၊ ဆက်စ်ကို ၊ ယိုကရက်စ် ၊ ဒီလပ်တို့လိုကစားသမားတွေကိုလည်း စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာကွင်းလယ်နေရာအတွက် ဇူဘီမန်ဒီကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ဂျော်ဂျင်ဟိုနေရာမှာ အစားထိုးနိုင်ခဲ့ပါတယ်။ အခုလအစောပိုင်းတုန်းက အာဆင်နယ်အသင်းဖော် ရိုက်စ်က ပါတေးရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သေးတာဖြစ်ပါတယ်။

“ပါတေးနဲ့အတူတွဲကစားချိန် အကောင်းဆုံးအရာက စိတ်အေးအေးကစားနိုင်မှုပါ။ ကျွန်တော်အာဆင်နယ်မလာခင်ကလည်း သူဘယ်လောက်ကောင်းလဲဆိုတာ ပြောဖြစ်ပါတယ်။ သူက ထိုက်တန်တဲ့ချီးကျူးမှုတွေမရပါဘူး။ အသင်းမှာ ပါတေးလိုကစားသမားမျိုးရှိတာက ကျွန်တော့်အတွက် ကံကောင်းတယ်လို့ ခံစားရပါတယ်”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။ ပါတေးဟာ အာဆင်နယ်ဟာကို ၂၀၂၀ က ပြောင်းလာပြီးနောက် ၁၆၄ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။