
ပွဲထွက်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်မယ့် ယူနိုက်တက်စတား
ယူနိုက်တက်ဘက်က စီးရီးအေဂိုးသမားတစ်ဦးကို ခေါ်ယူမယ်လို့ သတင်းတွေထွက်နေပေမယ့် အိုနာနာကတော့ အသင်းမှာပွဲထွက်ခွင့်တစ်နေရာရဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။ သတင်းတွေအရ အသက် ၂၉ နှစ်သားဟာ ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပြီး ယူနိုက်တက်ဘက်ကလည်း ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုး လိုအပ်နေတာဖြစ်ပါတယ်။
နောက်ထပ်သတင်းတွေအရ ယူနိုက်တက်ဟာ တိုရီနိုဂိုးသမား ဆာဗစ်ကို အိုနာနာနေရာအတွက် အစားထိုးချင်နေတယ်လို့ သိရပါတယ်။ အိုနာနာဟာ အင်တာကနေ ပြောင်းလာပြီးကတည်းက ပြိုင်ပွဲစုံ အမှား ၉ ကြိမ်အထိ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါအမှားတွေကြောင့် သူ နဲ့ ယူနိုက်တက်တို့ကြားအနာဂတ်က မသေချာတဲ့အနေအထားဖြစ်နေပါတယ်။ တကယ်လို့ ဂိုးသမားအသစ်ခေါ်ယူဖြစ်ခဲ့ရင်တောင် အိုနာနာက အသင်းမှာဆက်နေပြီး တိုက်ပွဲဝင်ဖို့များနေပါတယ်။
အသက် ၂၈ နှစ်သားဟာ ယူနိုက်တက်မှာ အသက် ၁၇ နှစ်တုန်းက ကစားသမားဘဝစတင်ခဲ့ပေမယ့် အလုပ်ပါမစ်ပြဿနာကြောင့် ထွက်ခွာခဲ့ရပါတယ်။ အဲ့ကတည်းက တိုရီနိုအသင်းနဲ့အတူ တောက်ပလာခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။
အိုနာနာဟာ ဒီရာသီအာမိုရင်ယုံကြည်မှုပိုရှိလာအောင် လက်စွမ်းပြနိုင်ဖို့ အခွင့်အရေးအနည်းငယ်သာရှိနေတာဖြစ်ပြီး လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။