
ဒန်နီအိုလ်မို ရဲ့ ဒဏ်ရာပြန်ကောင်းမလာသေးတဲ့အပေါ်စိုးရိမ်နေတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ ယခုရက်သတ္တပတ်မှာ အလာဗက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အဆိုပါပွဲမှာ ကွင်းလယ်ကြယ်ပွင့် ဒန်နီအိုလ်မိုကို ထပ်မံပြီး ဆုံးရှုံးရအုံးမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်က ရီးရဲလ်မက်ဒရစ် နဲ့ ၇ မှတ် ကွာနေပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေကို မြှင့်တင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ်ရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ စီးရီးအေကလပ် အတ္တလန္တာနှင့် ၂-၂ ဂိုး သရေကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိုလ်မိုဟာ ဂက်စ်ပါရီနီရဲ့အသင်းနဲ့ ပွဲကို လွဲခဲ့ပြီး သူ့ရဲ့ ပြန်လည်ကစားနိုင်မယ့်ရက်ကို မသိရသေးပါဘူး။ လိုက်ပ်ဇစ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ အိုလ်မိုဟာ ဂီတာဖေးနှင့် ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲမှာ ခြေသလုံးကြွက်သား ဒဏ်ရာရခဲ့ပြီးနောက် ဘာစီလိုနာရဲ့ ပြည်တွင်းနဲ့ ဥရောပပွဲစဉ် ၃ ပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
Diario AS ရဲ့ နောက်ဆုံးသတင်းတွေအရ အိုလ်မိုဟာ ယခုရက်သတ္တပတ်အတွင်း ဘာစီလိုနရဲ့ အဓိက လေ့ကျင့်ခန်းတွေကို လွဲချော်ခဲ့ပြီး ဘက်စ်ကွီအသင်းနဲ့ ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ အိုလ်မိုဟာ gym မှာ တစ်ယောက်တည်း လေ့ကျင့်နေဆဲဖြစ်ပြီး ဘယ်တော့ ပြန်ကစားနိုင်မလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ သို့သော်လည်း ကလပ်က သူ့ရဲ့ ပြန်လည်ကစားနိုင်မယ့်ရက်ကို သတ်မှတ်ပေးထားခြင်း မရှိပါဘူး။
အသက် ၂၆ နှစ်အရွယ် အိုလ်မိုဟာ ဖလစ်ရဲ့ အစီအစဉ်ထဲကို ပြန်ဝင်ဖို့ ကနဦးမျှော်လင့်ချက်က အတ္တလန္တာနှင့် ပွဲဖြစ်ပြီး အလာဗက်နှင့်ပွဲကို ဒုတိယအစီစဉ်အဖြစ် မျှော်လင့်ထားပေမယ့် အခုအချိန်မှာ ဒါကို ပြန်ပြင်ဆင်ထားပါတယ်။ ဗဟိုခံစစ်မှူး အင်ဒီဂိုမာတီနက်ဇ်အတွက် သတင်းကောင်းတစ်ခုရှိနေပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်ကစားသမားဟာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်လုပ်နေကာ ပွဲအတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုကို ပြန်လည်တည်ဆောက်နေပါတယ်။
သူဟာ အလာဗက်နှင့် ပွဲမှာ အသင်းနှင့်အတူ ပါဝင်နိုင်ဖွယ်ရှိပေမယ့် ဖလစ်က သူ့ကို အရန်ခုံကနေ စတင်ကစားခိုင်းမှာဖြစ်ပါတယ်။ အိုလ်မိုကို ဖေဖော်ဝါရီ ၆ ရက် ဗလင်စီယာနဲ့ ကစားမယ့် ကိုပါဒဲရေး ကွာတားဖိုင်နယ်မတိုင်ခင် ထပ်မံအကဲဖြတ်မှာဖြစ်ပေမယ့် လက်ရှိအခြေအနေတွေက သိပ်ပြီး ကောင်းနေပုံ မရပါဘူး။
ဖလစ်က ပြန်လည်ကစားနိုင်တော့ အသင်းသားတွေအားလုံးကို ပြိုင်ပွဲမကစားခင် အနည်းဆုံး ၁ ပတ်လောက် ပြည့်ဝတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အိုလ်မိုဟာ သူ့ရဲ့ အကောင်းဆုံးကစားပုံကို ပြန်လည်ရှာဖွေဖို့ လိုအပ်နေပါတယ်။