The network connection is lost.

Banner Image

ရန်လိုနေတဲ့ အင်္ဂလန်လူအုပ်ကြီးကို စပိန်က ကိုင်တွယ်နိုင်တယ်လို့ ပြောကြားလိုက်တဲ့ အိုလ်မို

တနင်္ဂနွေနေ့မှာ ဘာလင်ရဲ့ အိုလံပစ်စတေးကွင်းမှာ ကစားမယ့် ယူရို ၂၀၂၄ ဖိုင်နယ်မှာ သူတို့ရဲ့ စပိန်အသင်းသားတွေက အင်္ဂလန်ရိသတ်တွေနဲ့ ရန်လိုတဲ့အငွေ့အသက်ကို ကောင်းကောင်းတုံ့ပြန်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒန်နီအိုလ်မိုက ပြောကြားခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူက အသင်းနှစ်သင်းစလုံးဟာ ယူအီးအက်ဖ်အေမှ ခွဲဝေချထားပေးတဲ့ တူညီတဲ့ ခွဲတမ်းဖြစ်တဲ့ ခုံပေါင်း ၁၀၀၀၀ ကို တရားဝင်လက်ခံရရှိထားပြီး ပြိုင်ပွဲအတွက် ပရိသတ် ၁၁,၀၀၀ ခန့်က လက်မှတ်ရရှိဖို့လုပ်ဆောင်နေတယ်လို့ သိရှိထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဂျာမန်မြို့တော်တွင် အင်္ဂလိပ်ပရိသတ် အရေအတွက် ၃၅၀၀၀ အထိရှိမယ်လို့ ခန့်မှန်းရပြီး ၇၄၄၇၅ အထိဆံ့သော အားကစားကွင်းထဲတွင် ပွဲအတွက် လက်မှတ်များရှိမယ်လို့ ယုံကြည်ရပါတယ်။ လက်မှတ်မရရှိသော ပရိသတ်အများအပြားကတော့ မြို့တော်သို့ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။

"အားကစားကွင်းမှာ လူပေါင်း ၁၁၀၀၀ လောက်သာရှိနိုင်ပေမယ့် စပိန်ရှိ ၄၈ သန်းက ကျွန်တော်တို့ကို ထောက်ပံ့ပေးနေပါတယ်" "ဂျာမနီက အိမ်ရှင်ဖြစ်တာကြောင့် သူတို့က ကွာတားဖိုင်နယ်မှာ စပိန်ပရိသတ်တွေထက် ပိုသာပါတယ်။ ဒါပေမယ့်လည်း ဒီမှာက အားပေးမှုကို အမြဲခံစားရတယ်။ ပွဲအပြီးမှာ သူတို့နဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပြီး ထင်ထားတာထက် ပိုပါတယ်။ ကျွန်တော်တို့မှာ ပရိသတ်တွေ အများကြီးရှိပါတယ်" လို့ အိုလ်မိုက သောကြာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းရဲ့ အိုလ်မိုဟာ ဂျော်ဂျီယာ၊ ဂျာမနီ၊ ပြင်သစ်တို့နှင့် ပွဲတိုင်းမှာ ဂိုးသွင်းယူထားပြီး စပိန်ရဲ့ ဖိုင်နယ်သို့ ရောက်ရှိခဲ့မှုတွင် ခြေစွမ်းပြသခဲ့တဲ့ ကစားသမားတွေထဲကတစ်ဦး ဖြစ်ပါတယ်။ ၎င်းဟာ ပြိုင်ပွဲတွင် ၃ ဂိုး သွင်းယူထားတဲ့ ကစားသမား ခြောက်ဦးအနက်တစ်ဦးဖြစ်ပြီး ၄ ဂိုးသွင်းနိုင်တဲ့သူမရှိပါက အားလုံးကို ရွှေဖိနပ်ဆု ပေးအပ်မည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက သောကြာနေ့တွင် အတည်ပြုခဲ့ပါတယ်။

အဆိုပါကစားသမား ၆ ဦးတွင် အိုလ်မို နှင့် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းတို့ နှစ်ဦးသာကျန်ရှိတော့တာဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုအတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ "လိုအပ်ရင် ရွှေဖိနပ်ဆုရဖို့က အပိုတွန်းအားတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်ဂိုးသွင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဂိုးသမားဆိုင်မွန် ဂိုးသွင်းခဲ့ရင်တောင် စိတ်ဆိုးမိမှာမဟုတ်ပါဘူး" "ပြိုင်ပွဲမှာ ကျွန်တော် ကောင်းကောင်းခံစားမိခဲ့ပါတယ်။ ကျွန်တော် ပုံစံကောင်းတစ်ခုရနေပြီး အဲဒါကို အခွင့်ကောင်းယူချင်နေတာတော့ အမှန်ပါပဲ။ ကျွန်တော်ဟာ ကိန်းနဲ့ သွင်းဂိုးချင်းအတူတူပါပဲ။ ဒါပေမယ့် ဖေယီယံက ၂ ဂိုးသွင်းထားပြီး မိုရာတာက ၁ ဂိုး သူတို့တွေ ဟက်ထရစ်သွင်းနိုင်ခဲ့ရင် ကျွန်တော်တို့ ပျော်မိမှာပါ"
"ရည်မှန်းချက်က ပွဲကိုအနိုင်ရဖို့ပါ။ အသင်းအတွက် သွင်းဂိုးတစ်ဂိုးနဲ့ ကူညီပေးနိုင်ရင် ကျွန်တော်ပျော်ပါတယ်၊ ဒါပေမယ့် အဓိက ရည်ရွယ်ချက်က ဆုဖလားကို ရဖို့ပါ။ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့က မိနစ် ၉၀ ကစားသွားရမှာပါ" လို့ အိုလ်မိုက ပြောပါတယ်။

စပိန်အသင်းဟာ ဗိုလ်လုပွဲသို့တက်လှမ်းရာတွင် ၆ ပွဲဆက်တိုက်အနိုင်ရရှိထားသော်လည်း ပြိုင်ပွဲမတိုင်ခင် ရေပန်းစားခဲ့တဲ့ ပြင်သစ်ကို အနိုင်ယူထားပြီး စွမ်းဆောင်ရည်ကြောင့် မကြာခဏဝေဖန်ခံရတဲ့ အင်္ဂလန်ကတော့ မိနစ် ၉၀ အတွင်း ၂ ပွဲသာအနိုင်ရထားပါတယ်။ ခြင်္သေ့သုံးကောင်ဟာ ဗိုလ်လုပွဲတက်ရန် ဆလိုဗက်ကီးယား၊ ဆွစ်ဇာလန်နှင့် နယ်သာလန်တို့ကို ကျော်ဖြတ်ကာ သရေပွဲအတွက် ပိုမိုလွယ်ကူတဲ့ အပိုင်းတွင် ပါဝင်တယ်လို့ ထင်မြင်ခဲ့သော်လည်း အိုလ်မိုက ဂျာမနီတွင် အကောင်းဆုံးနှစ်သင်းက ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ယူဆထားပါတယ်။

"အင်္ဂလန်ဟာ ရှုံးပွဲတွေကနေ ပြန်နိုင်တယ်ဆိုတာကို အခုအချိန်အထိ ပြသထားပါတယ်။ ဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်မှာပြသထားသလို ၁၆ သင်းအဆင့်မှာလည်း ဘယ်လင်ဂမ်က နောက်ပြန်ကန်ချက်ဖြင့် လှလှပပသွင်းယူပြထားတာပါ"
"သူတို့က ဘယ်တော့မှ အရှုံးမပေးတဲ့အသင်းပါ။ အဲ့ဒါသေချာပါတယ်။ ပွဲတိုင်းကို အာရုံစိုက်ထားရပါမယ်။ ကျွန်တော့်အနေနဲ့ အတက်အဆင်းပဲဖြစ်ဖြစ် အာရုံစိုက်ထားပြီး မိနစ် ၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ မှာ အကောင်းဆုံး ကစားမှာပါ" "အကောင်းဆုံးနှစ်သင်းက ဖိုင်နယ်ကိုရောက်နေပြီလို့ထင်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ အမြဲတမ်းဒီလိုပါပဲ အများဆုံးအနိုင်ရတဲ့သူတွေကတော့ ဖိုင်နယ်မှာရှိမှာပါ။ ဒီနှစ်ပြိုင်ပွဲမှာလည်း ဒီလိုပါပဲ" "အကောင်းဆုံးနှစ်သင်းက ဖိုင်နယ်မှာ ထပ်ပြီးရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့ အခုရောက်နေတဲ့အရာတွေအတွက် ကျွန်တော်တို့ကိုယ်တိုင် အာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ"
"ဒါက အလုပ်ဖြစ်တယ်ဆိုရင် ဘာကြောင့် ပြောင်းလဲရမှာလဲ။ ကျွန်တော်တို့ အကောင်းဆုံးကစားဟန်ကို ပြသထားပြီး နိုင်ငံအသင်းအတွက် ထူးခြားကာ ရှင်းရှင်းလင်းလင်း အိုင်ဒီယာတစ်ခု ရှိပါတယ်" လို့ အိုလ်မိုက ပြောပါတယ်။