The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုပြုလုပ်သွားမယ့် ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်သို့ တကျော့ပြန်လာဖို့အတွက် စိတ်အားထက်သန်နေပြီး ယခုအခါမှာတော့ အသင်းနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။ ယူနိုက်တက်ဟာ ယခုတစ်ပတ်အစောပိုင်းမှာ နည်းပြရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် လောလောဆယ်မှာ အသင်းရဲ့ ယူ-၁၈ နည်းပြ ဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ်ခန့်အပ်ကာ နည်းပြသစ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ 

ဖလက်ချာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘန်လေနဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ် နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး စိတ်ပျက်ဖွယ် ၂-၂ နဲ့သရေကျခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အတွေ့အကြုံရင့်နည်းပြ ဆိုးလ်ရှားကို ပြန်လည်ခေါ်ယူဖို့ အာရုံစိုက်လာတာလည်းဖြစ်ပါတယ်။ Sky Sports သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဆိုးလ်ရှားနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ လူတွေ့ ဆွေးနွေးမှုတွေပြုလုပ်ပြီး အသင်းသို့ပြန်လည်ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားသလို၊ ဆိုးလ်ရှားဘက်ကလည်း အိုးလ်ထရက်ဖို့ဒ်သို့ပြန်လာနိုင်ဖို့ ဘယ်လိုသဘောတူညီချက်မျိုးမဆို လက်ခံဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ နည်းပြတစ်ဦးအဖြစ် ရပ်တည်နေတဲ့ အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကလည်း အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာဖို့ စိတ်ဝင်စားနေတာကြောင့် ဆိုးလ်ရှားနဲ့ ပြိုင်ဆိုင်သွားရဖွယ်ရှိနေပါတယ်။