The network connection is lost.

Banner Image

ဘန်တန်ကာရဲ့ အယူခံ မအောင်မြင်ကြောင်း ပြောကြားလိုက်တဲ့ တော့တင်ဟမ်

ဆွန်ဟောင်မင်အား ပြောကြားခဲ့မှုကြောင့် ဘန်တန်ကာက ၇ ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရကာ အယူခံဝင်ရာတွင် အောင်မြင်မှုမရှိခဲ့ကြောင်း တော့တင်ဟမ်က ကြေညာလိုက်ပါတယ်။ တော့တင်ဟမ်ကွင်းလယ်ကစားသမားဟာ ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကို လျော့ချခံရမယ်လို့ မျှော်လင့်ထားတာကြောင့် တနင်္ဂနွေနေ့ လီဗာပူးနှင့်ပွဲမှာ ကစားနိုင်မယ်လို့ထင်နေတာဖြစ်ပါတယ်။

သို့သော်လည်း သူ့ရဲ့အယူခံက ပယ်ချခြင်းခံခဲ့ရတာကြောင့် အာနီစလော့ရဲ့အသင်းနှင်ပွဲ အပါအဝင် ကြာသပတေးနေ့ ယူနိုက်တက်နှင့်ကစားမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ မန်စီးတီး၊ ဖူလ်ဟမ်၊ ဘုန်းမောက်၊ ချဲလ်ဆီး၊ ဆောက်သမ်တန်တို့နှင့် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ လွဲချော်ထားခဲ့ပြီးဖြစ်ပါတယ်။

သို့သော်လည်း ဂျူဗင်တပ်စ်ကစားသမားဟောင်းဟာ ယူရိုပါလိဂ်မှာတော့ ကစားခွင့် ရနေမှာပါ။ အသက် ၂၇ နှစ်အရွယ် ဘန်တန်ကျူအာဟာ အသင်းဖော်ဆွန်ဟောင်မင်အပေါ် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပေးခဲ့တာကြောင့် ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာပါ။ ဥရုဂွေးနိုင်ငံသားဟာ ဇွန်လတုန်းက ရုပ်သံအင်တာဗျူးတစ်ခုတွင် အငြင်းပွားဖွယ်ရာ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ကစာသမားပိုင်ဆိုင်ထားတဲ့ အင်္ကျီတွေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘန်တန်ကာအာက "ဆွန်နီလား ကျွန်တော်က ဆွန်နီရဲ့တစ်ဝမ်းကွဲတောင်ဖြစ်နိုင်ပါတယ်။ သူတို့တွေကအားလုံးက အတူတူပဲဆိုတော့လေ" ဆိုပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဘန်တန်ကာဟာ ပေါင် ၁ သိန်း ဒဏ်ရိုက်ခြင်းခံခဲ့ရသလို ပညာပေးအစီစဉ်မှာလည်း ပါဝင်ဖို့အတွက် အမိန့်ချခြင်းခံခဲ့ရတာပါ။ အဆိုပါပြစ်ဒဏ်ကို တော့တင်ဟမ်ကို လက်ခံခဲ့ပေမယ့် ၇ ပွဲပယ် ပြစ်ဒဏ်ကိုတော့ အယူခံတင်ခဲ့ပါတယ်။သို့သော်လည်း ပယ်ချခြင်းခံခဲ့ရတာပါ။

"မကြာသေးမီကချမှတ်ထားတဲ့ ဘန်တန်ကျူအာရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဘုတ်အဖွဲ့က ပယ်ချပါတယ်။ အင်တာဗျူးနှင့်ပတ်သက်ပြီး အက်ဖ်အေရဲ့ စည်းမျဉ်းနံပါတ် ၃ ကို တော့တင်ဟမ်ကွင်းလယ်ကစားသမားက ကျူးလွန်ခဲ့တာကြောင့် ၇ ပွဲပယ်ပြစ်ဒဏ်ကို စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်"
"ကြားနာမှုပြုလုပ်အပြီးမှာတော့ အယူခံက ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ၇ ပွဲပယ်ပြစ်ဒဏ်က ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်" လို့ အင်္ဂါနေ့မှာ အက်ဖ်အေက ထုတ်ပြန်ကြေညာထားပါတယ်။