The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲနောက်ပိုင်း ချဲလ်ဆီးကြယ်ပွင့်ကိုအစားထိုးဖို့ တိုက်တွန်းခြင်းခံလိုက်ရတဲ့ မာရက်စ်ကာ

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာ ရရှိခဲ့တဲ့ ချဲလ်ဆီးဟာ မေလတွင် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းနှင့် ဗိုလ်လုပွဲ၌ အဆင့်နိမ့်အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သို့သော်လည်း နယူးဂျာစီရှိ မက်လိုက်ဖ် အားကစားကွင်းတွင် ချဲလ်ဆီးဟာ ကြီးမားတဲ့ အံ့အားသင့်စရာကို ဖန်တီးခဲ့ပြီး ပထမပိုင်း သုံးဂိုး သွင်းယူကာ ပွဲအပြီးမှာ ၃-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ကိုးလ် ပါလ်မာက ဂျန်လုအီဂျီ ဒွန်နာရမ်မာကို လှလှပပ နှစ်ဂိုးသွင်းယူခဲ့ပြီး နှစ်ပတ်အကြာကမှ ချဲလ်ဆီးသို့ ရောက်ရှိလာတဲ့ ဂျာအို ပက်ဒရို က ပထမပိုင်း ပြီးခါနီးတွင် တတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး ယူရိုပါ ကွန်ဖရန့်စ်လိဂ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီးအတွက် အလွန်အားတက်စရာ ကောင်းသော လက္ခဏာတစ်ခု ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နည်းပြ မာရက်စ်ကာရဲ့ အသင်းကို နွေရာသီခေါ်ယူမှုများစွာဖြင့် အားဖြည့်ထားပြီး ပက်ဒရိုအပါအဝင် လီယမ် ဒီလက်ပ်နှင့် ဂျေမီ ဂစ်တန်စ် တို့ကလည်း အသင်းသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဂိုးသမားအသစ် ခေါ်ယူရန် စိတ်ဝင်စားမှု ပြသထားပြီး ဂျွန် အိုဘီ မီကယ်လ်က ရောဘတ် ဆန်ချက်ဇ်က ချဲလ်ဆီးကို ကလပ်ကမ္ဘာ့ဖလား ရရှိအောင် ကူညီပေးခဲ့သော်လည်း အစားထိုးခံရသင့်တယ်လို့ ထင်နေပါတယ်။

ဆန်ချက်ဇ်ဟာ တနင်္ဂနွေနေ့ ညနေခင်းက ကလပ်ကမ္ဘာ့ဖလား ဆုဖလားကို ယူနိုင်ခဲ့ရုံသာမက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားကို ချီးမြှင့်တဲ့ ရွှေလက်အိတ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ "လူတွေက ကျွန်တော်တို့ လွယ်ကူတဲ့ မဲနှိုက်မှု ရခဲ့တယ်လို့ ပြောကောင်းပြောနိုင်ပေမဲ့ ခင်ဗျားတို့ရှေ့မှာ ရှိနေတာကို အနိုင်ယူရတာပဲ" လို့ အိုဘီ မီကယ်လ်က ချဲလ်ဆီးရဲ့ ပီအက်စ်ဂျီကို အနိုင်ရပြီးနောက် DAZN ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်ခဲ့ပြီး ပီအက်စ်ဂျီကို လုံးဝ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒီဖလားကို ရရှိခဲ့တာအပြင် ဒီကနေရရှိမယ့် ငွေတွေက ကလပ်ကို FFP စဉ်းမျဉ်းအရ အကြီးအကျယ် အထောက်အကူပြုပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

ဝေလ်စ် ဂန္တဝင်ကစားသမား ဂါရက် ဘေးလ်က ထိုစဉ်က ကြားဖြတ်မေးခွန်းထုတ်ခဲ့ရာတွင် "နောက်ဘယ်သူ့ကို ခေါ်ကြမလဲ။ ဂိုးသမားကိုတော့ ခေါ်လို့မရဘူးလေ၊ သူ ကောင်းတဲ့ပွဲ ကစားခဲ့တာပဲ" လို့ ပြောခဲ့ပါတယ်။ သို့သော် ဆန်ချက်ဇ်ကို ပုံမှန်ဝေဖန်လေ့ရှိတဲ့ အိုဘီ မီကယ်လ်က ထပ်လောင်းပြောကြားရာတွင် "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်တို့ ဂိုးသမားတစ်ဦးကို ဆက်ပြီး ဝယ်ဦးမှာပါ"

"ကျွန်တော် ဆန်ချက်ဇ်ကို လုံးဝ ယုံကြည်မှုမရှိသေးဘူး။ ဒါပေမဲ့ သူ့ကို ချီးကျူးရမှာက ဒီနေ့ သူ ကောင်းတဲ့ပွဲ ကစားခဲ့တယ်၊ အဲဒါတော့ ကျွန်တော် လက်ခံပါတယ်" "ကျွန်တော်တို့ ထိပ်တန်းအဆင့်ရှိ ဂိုးသမားတစ်ဦး လိုအပ်နေသေးတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဆန်ချက်ဇ် ကောင်းတဲ့ပွဲ ကစားခဲ့တယ်ဆိုပေမဲ့ ရာသီသစ်၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့နဲ့ဆိုရင် ထိပ်တန်းဂိုးသမားတစ်ဦး လိုအပ်နေပါသေးတယ်"

"ဒါက သူ့ကို ရာသီသစ်မတိုင်မီ ကောင်းမွန်တဲ့ ယုံကြည်မှု ပေးလိမ့်မယ်။ နောက်ရာသီမှာ ဆန်ချက်ဇ် အသစ်တစ်ဦးကို မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" "ဒါပေမဲ့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုက အရေးကြီးပြီး ဂျာအို ပက်ဒရိုနဲ့ လီယမ် ဒီလက်ပ်တို့ကို ခေါ်ယူခဲ့တာနဲ့တင် ဒါကို မြင်တွေ့ရပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

ဘေးလ်ကို ချဲလ်ဆီးက ဂိုးသမားအသစ် ခေါ်ယူဖို့ လိုအပ်တယ်လို့ ထင်သလားလို့ မေးတဲ့အခါမှာတော့…
"အဲဒါက နည်းပြရဲ့ ဆုံးဖြတ်ချက်ပါ။ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှု ရှိတာက မကောင်းဘူးလို့ ကျွန်တော် မထင်ပါဘူး။ သူတို့ ဂိုးသမားအသစ် ခေါ်မယ်ဆိုရင်လည်း သူတို့ ယှဉ်ပြိုင်ကြလို့ရပါတယ်"

"အရင်ကလည်း အသင်းတွေမှာ ဂိုးသမားကောင်း နှစ်ဦးရှိတာကို ကျွန်တော်တို့ မြင်ဖူးပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း ဒီလိုပါပဲ။ တစ်ခါတလေ သူတို့ အလဲအလှယ်လုပ် ကစားကြတယ်။ ဒါက အဲဒီနေရာအတွက် တိုက်ပွဲတစ်ခု ဖန်တီးပေးပြီး လူတိုင်းကို နိုးကြားစေပါတယ်" "နောက်ထပ် ဂိုးသမားတစ်ဦး ခေါ်ယူဖို့ ကြိုးစားတာကို မကောင်းတဲ့အရာအဖြစ် ကျွန်တော် မမြင်ပါဘူး" လို့ ဘေးလ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီအစောပိုင်းက ပြင်သစ်ရဲ့ နံပါတ် ၁ မိုက်ခ် မိုင်နန်ကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အေစီမီလန်နှင့် ဆွေးနွေးမှုများ ပျက်ပြားခဲ့ပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် လန်ဒန်ဒါဘီကိုကစားကာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ် ရာသီကို စတင်မယ့် ချဲလ်ဆီးအသင်းဟာ မကြာသေးခင်က ပီအက်စ်ဂျီမှ ဒွန်နာရမ်မာကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ရှိနေခဲ့ပါတယ်။