The network connection is lost.

Banner Image

နိုင်ငံအသင်းကနေ အနားယူတော့မယ့်အကြောင်းအတည်ပြုခဲ့တဲ့ မန်စီးတီးစတားဟောင်း

မန်စီးတီးစတားဟောင်း အော်တာမန်ဒီက နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူတော့မယ့်အကြောင်း အတည်ပြုခဲ့သလို ကလပ်အသင်းကစားသမားဘဝကနေလည်း မကြာခင်အနားယူမယ်လို့ ပြောကြားလိုက်ပါတယ်။ အာဂျင်တိုင်းသားဟာ အင်တာဗျူးတစ်ခုမှာ လာမယ့်ကမ္ဘာ့ဖလားအပြီး နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူမယ်လို့ အတည်ပြုခဲ့ပါတယ်။

သူနဲ့အတူ အခြားနိုင်ငံအသင်းဖော် မက်ဆီလည်း လာမယ့်ကမ္ဘာ့ဖလားအပြီးမှာ အနားယူမှာဖြစ်ပါတယ်။ “ကျွန်တော်ပြောချင်တာက အခုပွဲကအာဂျင်တီးနားအသင်းအတွက် နောက်ဆုံးပွဲပါ။ ကျွန်တော့်ပရိသတ်တွေ ၊ မိသားစုတွေလည်း ဒီမှာရှိနေပါတယ်။ သူတို့ကလည်း အဓိကနေရာကနေ ပါဝင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ အံ့ဖွယ်အဆင့်တွေကို ကျော်ဖြတ်ခဲ့သလို ဒီအခိုက်အတန့်တွေက ကျွန်တော့်ကိုပျော်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားက ကျွန်တော့်အတွက် နိုင်ငံအသင်းနဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။ ခင်ဗျားအနေနဲ့ အိပ်မက်တစ်ခုနဲ့နိုးလာချိန်မှာ အဲ့အိပ်မက်ကို နောက်တစ်ကြိမ်ထပ်မက်ချင်ပါတယ်။ ကျွန်တော်တို့က အာဂျင်တိုင်းသားတွေဖြစ်သလို ရည်မှန်းချက်လည်းကြီးပါတယ်။ ကျွန်တော်တို့ အောင်မြင်အောင်လုပ်ဆောင်ရမှာဖြစ်ပေမယ့် တစ်ချို့အရာတွေက ခက်ခဲတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး”လို့ အော်တာမန်ဒီက ပြောကြားခဲ့ပါတယ်။ အသက် ၃၇ နှစ်သား နဲ့ ဘင်ဖီကာတို့ကြား စာချုပ်သက်တမ်းက အခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပြီး ကလပ်အသင်းကစားသမားဘဝကနေလည်း အနားယူဖွယ်ရှိနေပါတယ်။

“ကျွန်တော် ဘင်ဖီကာ နဲ့ ၁ နှစ်စာချုပ်သက်တမ်းရှိနေပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော် ရေးဗားပလိတ်ကိုပြန်မယ်လို့ ဘယ်တုန်းမှမပြောခဲ့ပါဘူး။  ကျွန်တော်အဲ့အခွင့်အရေးအတွက် ဘယ်တုန်းကမှစကားမပြောခဲ့ပါဘူး”လို့ အော်တာမန်ဒီက ပြောကြားခဲ့ပါတယ်။ အော်တာမန်ဒီဟာ အာဂျင်တီးနားအသင်းနဲ့အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင်ကစားဖွယ်ရှိနေပါတယ်။