The network connection is lost.

Banner Image

ဒီနွေရာသီမှာ ဘီလ်ဘာအိုကနေ ထွက်ခွာဖို့ အဆင့်သင့်ဖြစ်နေပြီဖြစ်တဲ့ နီကိုဝီလီယံ

နီကိုဝီလီယံကို အပြောင်းအရွှေ့ဈေးကွက်မှာ နာမည်ထွက်နေတဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်တာကြောင့် ဒီနွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကနေထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်အသင်းတွေနဲ့ ချိတ်ဆက်မှုများရှိနေခဲ့ပြီး အခုချိန်မှာတော့ အဲဒီကိုသွားနိုင်ဖို့ အခွင့်အလမ်းက နည်းနည်းပိုများလာပြီလို့ ထင်ရပါတယ်။

ချဲလ်ဆီးဟာ လီဗာပူးနဲ့ အက်စတွန်ဗီလာတို့က စိတ်ဝင်စားနေတဲ့ ဝီလီယံကို ချိတ်ဆက်နေပါတယ်။ HITC ရဲ့အဆိုအရ ကစားသမားဟာ နွေရာသီတွင် ဘီလ်ဘာအိုမှ ထွက်ခွာရန် ရည်ရွယ်ထားပြီး သူ့ရဲ့ကိုယ်စားလှယ်တွေကလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ စိတ်ဝင်စားမှုရှိနေတဲ့ ကလပ်များကို အသိပေးခဲ့ပြီး ဖြစ်ပါတယ်။

ဝီလီယံဟာ ဒီဇင်ဘာလတွင် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမှာမဟုတ်ကြောင်း အာမခံထားပါတယ်။သူ့ရဲ့လျော်ကြေးစာချုပ်ဟာ ယူရိုသန်း ၅၀ ရှိပြီး အထူးသဖြင့် ပရီးမီးယားလိဂ်ရဲ့ ငွေကြေးတက်နိုင်တဲ့ အသင်းများအတွက် ဆွဲဆောင်မှုရှိတဲ့ စျေးနှုန်းလည်းဖြစ်ပါတယ်။

ဝီလီယံဟာ ရာသီကုန်တွင် ဘီလ်ဘာအိုအသင်းမှ ထွက်ခွာဖွယ်ရှိပုံရပါတယ်။ သို့သော်လည်း ကိုပါဒယ်ရေး ဖိုင်နယ်တွင် အနိုင်ရရန် နှင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် မြင့်မားတဲ့ အနေအထားဖြင့် ဆောင်ရွက်နိုင်ရန် မျှော်လင့်နေမှာဖြစ်ပါတယ်။