The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် အီလန်ဂါကိုခေါ်ယူလိုက်ကြောင်း နယူးကာဆယ်အတည်ပြု

နယူးကာဆယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် အန်သိုနီအီလန်ဂါကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာလာခဲ့ပြီး လောလောဆယ်မှာ နော်တင်ဟမ်ဖောရက်စ်ဟာ အသင်းရဲ့ကွင်းလယ်လူ မော်ဂန်ဂစ်ဝှိုက်ကို တော့တင်ဟမ်သို့မပြောင်းစေဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ 

နယူးကာဆယ်ဟာ အီလန်ဒါအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းအထိ ပေးချေခဲ့ရတာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အနေနဲ့ နယူးကာဆယ်ရဲ့ ပထမဆုံးကမ်းလှမ်းချက်ကို ပယ်ချထားခဲ့ပေမယ့် ယခုအခါမှာတော့ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို သဘောတူညီပြီး ကစားသမားကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အီလန်ဂါအနေနဲ့ နယူးကာဆယ်သို့ပြောင်းရွှေ့နိုင်ခဲ့ပေမယ့် နော်တင်ဟမ်ဖောရက်စ်ကတော့ အသင်းရဲ့နောက်ထပ်အရေးပါတဲ့ ကစားသမား ဂစ်ဝှိုက်ကိုပါ ထပ်မံရောင်းချသွားရဖို့ရှိနေတာဖြစ်ပါတယ်။ တော့တင်ဟမ်က ဂစ်ဝှိုက်ကိုခေါ်ယူဖို့ ပေါင်သန်း ၆၀ အထိ ပေးချေသွားမှာဖြစ်လို့ နော်တင်ဟမ်ဖောရက်စ်အနေနဲ့ ကစားသမားကို လက်လွှတ်သွားရဖို့ အလားအလာများနေပါတယ်။ 

နယူးကာဆယ်သို့ရောက်ရှိလာပြီးနောက် အီလန်ဂါက “ကျွန်တော်အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ အဆင်သင့်ဖြစ်နေဖို့ပါပဲ။ ဒီအသင်းဂျာစီအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ နော်တင်ဟမ်ဖောရက်စ်နဲ့ ၂ နှစ်အထိ အတူတူနေခဲ့ပြီး အချိန်ကောင်းတွေ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် အခု ကျွန်တော်နယူးကာဆယ်ကိုရောက်လာလို့လည်း ပျော်ရွှင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်က ဆုဖလားတစ်လုံးဆွတ်ခူးနိုင်ခဲ့ပြီး ဆုဖလားတွေနဲ့ ထိုက်တန်တဲ့အသင်းဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်”

“အခုတော့ ကျွန်တော် ဒီအသင်းရဲ့အစိတ်အပိုင်းဖြစ်လာခဲ့ပါပြီ။ အသင်းနဲ့အတူတူ ကစားရဖို့ မစောင့်နိုင်တော့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ဖောရက်စ်အနေနဲ့ အသင်းရဲ့အရေးပါဆုံးကစားသမားတွေထဲမှတစ်ဦးဖြစ်တဲ့ အီလန်ဂါကို လက်လွှတ်ဆုံးရှုံးရပြီးနောက် ကွင်းလယ်လူ ဂစ်ဝှိုက်ကိုတော့ ထပ်မံမဆုံးရှုံးရဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။