ဘင်ဖီကာအသင်းဆီ ဂွါရဲရိုး ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာ
ဘိုင်ယန်မြူးနစ်ကစားသမားဂွါရဲရိုးကို ဘင်ဖီကာအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂွါရဲရိုးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရှိနေပြီး နွေရာသီမှာ အသင်းသစ်တစ်ခု ရှာဖွေသွားဖို့ ရှိနေပါတယ်။
ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြချက်အရ အသက် ၃၂ နှစ်အရွယ် ဂွာရဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ဘင်ဖီကာအသင်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဂွါရဲရိုးကိုယ်တိုင်လည်း မော်ရင်ဟိုဦးဆောင်တဲ့အသင်းဆီပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ သူက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၆၅ ပွဲအထိ ကစားပေးထားပေမဲ့ မိခင်နိုင်ငံအခြေစိုက်ကလပ်အသင်းတွေမှာတော့ တစ်ကြိမ်တစ်ခါမှ ကစားခဲ့ဖူးခြင်း မရှိပါဘူး။
ဒါ့အပြင် ဒေါ့မွန်ကစားသမားဟောင်းဂွါရဲရိုးကို ဘွန်ဒက်လီဂါမှာပဲ ဆက်ရှိနေတာမျိုး ဒါမှမဟုတ် အီတလီ ဒါမှမဟုတ် ပြင်သစ်လိဂ်တွေဆီ ပြောင်းရွှေ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။