The network connection is lost.

Banner Image

အင်တာစတားတစ်ဦးကို ယူနိုက်တက်မှာ မြင်တွေ့ချင်နေတဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က အင်တာစတားတစ်ဦးဖြစ်တဲ့ ဒမ်ဖရိုင်းကို ယူနိုက်တက်မှာ မြင်တွေ့ချင်ကြောင်း ပြောကြားလိုက်ပါတယ်။ နဗီးလ်က အင်တာမီလန်အသင်း ချန်ပီယံလိဂ်ဖိုင်နယ်တက်ရောက်နိုင်ရေးမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ဒမ်ဖရိုင်းရဲ့ခြေစွမ်းကို သဘောကျနေပါတယ်။ အင်တာမီလန်ဟာ ဘာစီလိုနာကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး ၂ ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ဖိုင်နယ်ကို တက်ရောက်နိင်ခဲ့တာဖြစ်ပါတယ်။အသက် ၂၉ နှစ်သားဟာ အင်တာမီလန်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး နဗီးလ်က ချီးကျူးပြောကြားခဲ့တာဖြစ်ပါတယ်။

နဗီးလ်က အာမိုရင်အနေနဲ့ ၄-၃-၃ နည်းစနစ်မှာ နယ်သာလန်သားကို ခေါ်ယူသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ နဗီးလ်က “ပွဲအတွင်းမှာ ကျွန်တော် ဘာကိုတောက်လျှောက်တွေးဖြစ်နေလဲဆိုတာ  ခင်ဗျားသိလား?။ ယူနိုက်တက်က ခံစစ် ၅ ယောက်တန်းကစားတာဖြစ်ပြီး အာမိုရင်က wing-back တွေကို အားကိုးပါတယ်။ ညာနောက်ခံလူနေရာအတွက် ဒမ်ဖရိုင်းက ယူနိုက်တက်မှာ အံဝင်နိုင်မယ်လို့ တွေးမိပါတယ်။ ကျွန်တော် သူ့ကိုပရီးမီးယားလိဂ်မှာ မြင်ချင်ပါတယ်။ သူက တကယ့်ကိုမယုံကြည်နိုင်စရာကောင်းသလို အရမ်းအရမ်းကောင်းပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဒမ်ဖရိုင်းဟာ အင်တာကစားသမားတွေထဲမှာ အင်တာဗျူးဖြေကြားခွင့်ရခဲ့ပြီး အသက် ၂၉ နှစ်သားက “နောက်ထပ် ရူးချင်စရာပွဲတစ်ပွဲပါ။ ပြီးခဲ့တဲ့အပတ်က ၆ ဂိုးဖြစ်ခဲ့ပြီး ဒီနေ့ ၇ ဂိုးဖြစ်ခဲ့ပါတယ်။ အဲ့တာက တကယ့်အံ့ဖွယ်ပါ။ ကျွန်တော်တို့ အဆုံးသတ်မတိုင်ခင်အထိ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့တိုက်ပွဲဝင်စိတ်အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်စွာနဲ့ဖိုင်နယ်ကန်ရမှာပါ။ အသင်းကို ကူညီပေးနိုင်လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒဏ်ရာကနေ ပြန်လာပြီးနောက် မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ အသင်းအတွက် ပွဲတိုင်းနီးပါးတိုက်ပွဲဝင်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ အင်တာမီလန်ဟာ အခြားတစ်ဖက်မှာ အာဆင်နယ်ကိုနိုင်ပြီး ဖိုင်နယ်တက်လာတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။