The network connection is lost.

Banner Image

ဘောလုံးလောကကနေ ၄ နှစ်ပိတ်ပင်ခံခဲ့ရပေမယ့် ပျော်ရွှင်နေဆဲဖြစ်တဲ့ ပေါ့ဂ်ဘာ

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် ဘောလုံးလောကကနေ ၄ နှစ်ပိတ်ပင်ခံခဲ့ရပေမယ့် ပျော်ရွှင်မြူးတူးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်သားရဲ့အခြေနေဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းမဆင်းနိုင်တာ ဒါမဟုတ် ပါဝင်ကစားခွင့်မရတဲ့အနေအထားမျိုးဖြစ်နေပါတယ်။

၂၀၂၃ တုန်းက ဆေးသုံးစွဲမှုထင်ရှားခဲ့တာကြောင့် စစ်ဆေးမှုတွေနဲ့ရင်ဆိုင်ရခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ပေ့ါဂ်ဘာဟာ အပြည်ပြည်ဆိုင်ရာအားကစားခုံရုံး (CAS) ကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။

“အရိုးသားဆုံးဝန်ခံရရင် အဲ့တာက လုံးဝခက်ခဲပါတယ်။ ဘောလုံးက ကျွန်တော်မှတ်မိသလောက် ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်မှာ ကျွန်တော့်မိသားစု ၊ ယုံကြည်မှု ၊ သူငယ်ချင်းတွေ ၊ ပရိသတ်တွေရဲ့အားပေးမှုရှိပါတယ်။ အဲ့တာတွေက ကျွန်တော့်ကိုလွယ်ကူစေပါတယ်။ အရာအားလုံးက အကောင်းဆုံးဖြစ်လာမှာပါ”လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး လက်ရှိမှာ လစာလျော့ယူရဖွယ်ရှိနေပါတယ်။  ပွဲပယ်ပြစ်ဒဏ်ကြောင့် ယူနိုက်တက်စတားဟာ ၂၀၂၇ သြဂုတ်လမတိုင်ခင်အထိ ကစားရဖွယ်မရှိပဲ ပြန်လာချိန်မှာတော့ အသက် ၃၅ နှစ်အရွယ်ဖြစ်နေပြီဖြစ်ပါတယ်။