The network connection is lost.

Banner Image

ယူရို ၂၀၂၄ မှ ထွက်ခွာခဲ့ရပြီးနောက် အင်္ဂလန်ကို ဝေဖန်ပြောကြားလိုက်တဲ့ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်း

အင်္ဂလန်အသင်းဟာ ဗုဒ္ဓဟူးနေ့ညနေက နယ်သာလန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် နှစ်ကြိမ်ဆက်တိုက်အဖြစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဆိုင်မွန်ရဲ့ အံ့မခန်းသွင်းဂိုးက နယ်သာလန်ကို ဆီမီးဖိုင်နယ်မှာ စောစောစီးစီး ဦးဆောင်စေနိုင်ခဲ့ပေမယ့် ဟယ်ရီကိန်းကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီးနောက် အင်္ဂလန်က ချေပဂိုးရရှိဖို့ အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပင်နယ်တီကနေ ချေပဂိုး သွင်းယူပေးခဲ့ပြီး ပွဲကအချိန်ပိုသို့ရောက်သွားချိန်မှာတော့ လူစားဝင်ကစားသမား အိုလီဝက်ကင်စ်က ခြင်္သေ့သုံးကောင်အတွက် နောက်ဆုံးအပြတ်အသတ်အနိုင်ရစေမယ့်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် တနင်္ဂနွေနေ့မှာတော့ ယူရိုပြိုင်ဖိုင်ပွဲရဲ့ဖိုင်နယ်ကို စပိန်နှင့် ကစားရတော့မှာဖြစ်ပါတယ်။ အင်္ဂလန်နှင့် ဆောက်ဂိတ်တို့ဟာ ပြိုင်ပွဲတစ်လျှောက်လုံးတွင် ကွဲလွဲနေသောပုံစံမှုများကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ကိုးမန်းက ခြင်္သေ့သုံးကောင်ဟာ စပိန်ကိုအနိုင်ယူရန် လုံလောက်တဲ့ အရည်အသွေးရှိပါတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

စပိန်နဲ့ ဖိုင်နယ်မှာ ပျင်းစရာကောင်းတဲ့ အင်္ဂလန်အသင်းတစ်သင်းကို ပရိသတ်တွေက မကြည့်ချင်ကြဘူးလို့ အကြံပြုထားတဲ့အခါ ကိုးမန်းက သူ့ရဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ "အင်္ဂလန်က ၁-၀ ဂိုးနဲ့ရှုံးနေတဲ့အချိန်ပထမပိုင်းမှာ အကောင်းဆုံးကစားပြခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်" "ဒါက ဘောလုံးဖြစ်ပြီး သူတို့ပွဲတွေအားလုံးကို ကြည့်မယ်ဆိုရင် စပိန်လက်ရွေးစင်အသင်းက တောင်ပံကစားသမားတွေနဲ့ နောက်တန်းကနေ ပုံစံကောင်းတွေ ဘောလုံးပိုင်ဆိုင်မှု အသာစီးတွေနဲ့ ပိုကစားနေတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကို ရပ်တန့်ဖို့ လိုပါတယ်" "ဒါပေမယ့် အင်္ဂလန်က ဖိုင်နယ်မှာ ရောက်နေပြီး သူတို့ အနိုင်ရဖို့ အလားအလာ ရှိကောင်းရှိနိုင်ပါတယ်" "အပြင်မှာ စပိန်က မြင့်မားတဲ့အဆင့်မှာ ကစားနေပေမယ့် အင်္ဂလန်က သူတို့ကို တားဆီးနိုင်ပါတယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ" လို့ ပြောထားပါတယ်။

နယ်သာလန် ကစားသမားတွေက ဆီမီးဖိုင်နယ်သို့ ရောက်ခဲ့တဲ့အပေါ် ပျော်ရွှင်နေသလားဟု မေးမြန်းရာတွင် ကိုးမန်းက "မဟုတ်ပါဘူး ဒီလိုမဟုတ်ပါဘူး။ ဒီမေးခွန်းကို ခင်ဗျားဘာလို့မေးတာလဲဆိုတာ ကျွန်တော်မသိပါဘူး" "ဆီမီးဖိုင်နယ်မှာ ကစားရရင်၊ ဖိုင်နယ်မှာ ကစားချင်တဲ့အတွက် အရာအားလုံးကို အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်သွားချင်ပါတယ်" "ဒါတွေက ခက်ခဲပါတယ်။ အင်္ဂလန်အတွက် ကွင်းလယ်ကစားသမား လေးယောက်ရှိပြီး သူတို့ကို ကာကွယ်ဖို့ ခက်ခဲပါတယ်" "ဒါပေမယ့် ပြိုင်ဘက်ရဲ့ အရည်အသွေးနဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့က ပိုကောင်းတယ် တစ်ချို့နေရာတွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့တာပါ" "ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကြောင့် မဟုတ်ပါဘူး။ ပြိုင်ဘက်တွေရဲ့ အရည်အသွေးပိုကောင်းတာကြောင့်ပါ။ ဥပမာပြောရရင် ဖိုဒန်နဲ့ ဘယ်လင်ဂမ်တို့အကြောင်း ပြောရမှာဖြစ်ပြီး သူတို့တွေက ကမ္ဘာ့အဆင့်မီ ကစားသမားတွေ ဖြစ်ကြပြီး ဒီလိုအခြေအနေတွေမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်" လို့ ပြောပါတယ်။