The network connection is lost.

Banner Image

ယူနိုက်တက်မှာ ကာရစ်ရဲ့နေရာကို အစားထိုးတာဝန်ယူဖို့ နာဂယ်လ်စ်မန်း စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်မှာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့နေရာမှာ အစားထိုးတာဝန်ယူဖို့အတွက် နာဂယ်စ်မန်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဘောလုံးရာသီအစမှာပဲ အံ့အားသင့်ဖွယ်ရာရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ထားရတဲ့ အသက် ၄၅ နှစ်အရွယ်ကာရစ်က ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် စနေနေ့၊ ပရီးမီးယားလိဂ်စဉ်မှာတော့ မန်ချက်စတာယူနိုက်တက်ကို ဆက်လက်တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။

မည်သို့ပင်ဆိုစေကာမူ ကလပ်အသင်းမှာ ကာရစ်အတွက် ဖိအားတွေ ကြီးကြီးမားမားဆက်ရှိနေသလို ယူနိုက်တက်ကသာ နည်းပြရာထူးမှ ဖယ်ရှားဖို့ ဆုံးဖြတ်မယ်ဆိုရင် သူ့နေရာကို ဘယ်သူအစားဝင်လာနိုင်မလဲဆိုတဲ့ ကောလာဟလတွေလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။

ဒီရာထူးနေရာအတွက် အက်ဒီဟိုဝီ၊ ကွန်တီနဲ့ နာဂယ်စ်မန်းတို့လို နည်းပြတွေ ရေပန်းစားနေပါတယ်။

အိုးထရက်ဖို့ဒ်နည်းပြခုံတန်းရှိ ကာရစ်ရဲ့နေရာကို အစားဝင်ရောက်ဖို့ ဟိုဝီ ရေပန်းအစားဆုံး ဖြစ်နေပေမဲ့ ယတိပြတ်ပြောလို့တော့ မရသေးပါဘူး။

ဂျာမန်ဘောလုံးသတင်းထောက် ကွန်စတန်တင်အက်ခ်နာကတော့ နာဂယ်လ်စ်မန်းရဲ့အလားအလာကို လျှော့တွက်ကာ ချန်လှပ်ထားလို့ မရနိုင်ဘူးလို့ ယုံကြည်နေပါတယ်။

talkSPORT ရဲ့ အင်္ဂါနေ့ဆွေးနွေးခန်းမှာ အက်ခ်နာက "အတိတ်မှာလည်း မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို နာဂယ်စ်မန်း စိတ်ဝင်စားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယူနိုက်တက်က ၁၂ လတစ်ကြိမ်လောက် နည်းပြသစ်တွေ ခန့်အပ်နေခဲ့တာတောင် အဲဒီအချိန်တွေမှာ မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိဖို့ အခွင့်အခါ မသင့်ခဲ့ပါဘူး"

"ယူနိုက်တက်ရဲ့ကစာသမားအင်အားဖြည့်တင်းရေးဒါရိုက်တာ ဗီဗဲလ်နဲ့ အဆက်အသွယ် ရှိနေပြီး သူတို့နှစ်ဦးအကြား အချင်းချင်းသိကျွမ်းကြလို့ ဗီဗဲလ်ကိုယ်တိုင် နာဂယ်စ်မန်းကို ထောက်ခံပေးတာမျိုး ဖြစ်နိုင်ပါတယ်"

"ကျွန်တော် နားလည်ထားသလောက်တော့ နာဂယ်လ်စ်မန်း စိတ်ဝင်စားမှု ရှိနိုင်ပေမဲ့ အဓိကရေပန်းအစားဆုံးသူကတော့ အက်ဒီဟိုဝီပါပဲ။ ဒါပေမဲ့ နာဂယ်စ်မန်းလည်း အဆင်သင့်ရှိနေပါတယ်"

"ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)က သူ့ရဲ့စာချုပ်ကို လျော်ကြေးပေးပြီး ဖျက်သိမ်းပေးခဲ့ပြီးပါပြီ။ ဒါကြောင့် ကျော်ဖြတ်ရမယ့်အတားအဆီး ဘာတစ်ခုမှ မရှိပါဘူး"

"သူ ကြိုက်တဲ့အသင်းဆီ ပြောင်းရွှေ့ခွင့်ရှိနေပါတယ်။ အခုလောလောဆယ်မှာတော့ အက်ဒီဟိုဝီကို နည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်က နယူးကာဆယ်ကို လျော်ကြေးပေးရလိမ့်မယ်" လို့ ပြောပါတယ်။