The network connection is lost.

Banner Image

ဂျာဗီယာ အဂူရီကို နည်းအဖြစ် တတိယအကြိမ်မြောက် ခန့်အပ်လိုက်တဲ့ မက္ကဆီကို

ကိုပါအမေရိကတွင် ရလဒ်များဆိုးရွားပြီးနောက် မက္ကဆီကိုဟာ ဂျာဗီယာ အဂူရီကို နည်းပြအဖြစ်နှင့် ဘာစီလိုနာ ကစားသမားဟောင်း ရာဖေးလ်မာကွက်ဇ်ကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

၂၀၂၄ ကိုပါအမေရိကတွင် အုပ်စုအဆင့်မှ စိတ်ပျက်စရာ ထွက်ခဲ့ရပြီးနောက် မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်ဟာ လိုဇန်နိုနှင့် လမ်းခွဲခဲ့ပါတယ်။ မက္ကဆီကိုအသင်းခေါင်းဆောင်ဟောင်း မာကွက်ဇ်ကို လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သလို ယခုအခါ အဂူရီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ယခင်က မက္ကဆီကိုလက်ရွေးစင်အသင်းကို ၂၀၀၂ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ၁၆ သင်းအဆင့်အထိ ရောက်ရှိအောင် ဦးဆောင်ခဲ့တဲ့ အဂူရီဟာ အတွေ့အကြုံကြွယ်ဝပြီး မှတ်တမ်းကောင်းရရှိထားတာကြောင့် တတိယအကြိမ်မြောက် နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ် နည်းပြဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်အသင်းကို ကိုင်တွယ်သွားမှာဖြစ်ပြီး မကြာသေးမီက ဘာစီလိုနာ ဘီရဲ့ နည်းပြအဖြစ်မှ ထွက်ခွာခဲ့တဲ့ မာကွက်ဇ်နှင့် လက်တွဲလုပ်ဆောင်မှာဖြစ်ပါတယ်။

မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်ဟာ ၎င်းတို့ရဲ့ ခန့်အပ်မှုအသစ်အတွက် ယုံကြည်ကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံအသင်းများ ဒါရိုက်တာ ဒါဗင်နိုက " ဂျာဗီယာမှာ ခိုင်မာတဲ့ မှတ်တမ်းရှိပြီး အတွေ့အကြုံနှင့် အငြင်းပွားဖွယ်မရှိတဲ့ ခေါင်းဆောင်မှုဖြင့် အသင်းစီမံခန့်ခွဲမှုတွင်ရှိကာ ရာဖေးလ်ကည်း စွမ်းရည်မြှင့်တင်မှုတွင် ကျွမ်းကျင်မှုများစွာရှိပါတယ်။ ဂျာဗီယာက နိုင်ငံရပ်ခြားတွင် သက်တမ်းအကြာဆုံးနှင့် အသိအမှတ်ပြုမှုအခံရဆုံးသော မက္ကဆီကိုနည်းပြဖြစ်ပြီး နိုင်ငံအသင်းများရဲ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကောင်းစွာသိရှိထားသူဖြစ်ပါတယ်" "ရာဖေးလ်ဟာ မက္ကဆီကိုသမိုင်းတွင် အရေးပါဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်ခဲ့ပြီး သူ့ရဲ့ သင်္ကေတအဖွဲ့တစ်ခုဖြင့် နည်းပြဘ၀ကို စတင်ခဲ့ကာ နိုင်ငံတကာတွင် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့ကို ၂၀၂၆ ခုနှစ်အထိ လက်ထောက်အဖြစ် ကမ်းလှမ်းခဲ့ပါတယ်" လို့ ပြောပါတယ်။

သမိုင်းဝင်ပြိုင်ပွဲတွင် အဂူရီဟာ မာယော့ကာကို ၂၀၂၃-၂၄ ကိုပါဒယ်ရေးဖိုင်နယ်သို့ ဦးဆောင်ခဲ့ပြီး အချိန်ပိုအပြီးတွင် ၁-၁ ဂိုးဖြစ်ကာ ပင်နယ်တီအဆုံးအဖြတ်မှာတော့ အက်သလက်တစ်ဘီဘာအိုကို ရှုံးနိမ့်ခဲ့ပါတယ်။  သူတို့ ၂ ဦးအတွက် ချက်ချင်းတာဝန်ယူရမယ့်တာဝန်က အမေရိကတွင်ကစားမယ့် ခြေစမ်းပွဲ ၂ ပွဲအတွက် အသင်းအား ပြင်ဆင်ရန်ဖြစ်ပါတယ်။

မက္ကဆီကိုဟာ စက်တင်ဘာ ၇ ရက်တွင် နယူးဇီလန်နှင့် ကယ်လီဖိုးနီးယားပြည်နယ် ပက်ဆာဒန်နာ ရှိ ရို့စ်ဘိုးတွင် ကစားရမှာဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်တွင် ကနေဒါအသင်းနှင့် တက္ကဆက်ပြည်နယ် အာလင်တန်ရှိ AT&T အားကစားကွင်းတွင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ အဓိကတာဝန်ကတော့ ၂၀၂၆ ခုနှစ်တွင် အောင်မြင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ဖို့ မက္ကဆီကိုကို ဦးဆောင်ရန်ဖြစ်ပါတယ်။