အာဂျင်တီးနားလူငယ်လေးကို အနာဂတ်ရဲ့ကြယ်ပွင့်တစ်ဦးအဖြစ် ချီးကျူးပြောဆိုလိုက်တဲ့ မက်ဆီ
အာဂျင်တီးနားက ဂွါတီမာလာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဆီက ၂ ဂိုးသွင်းခဲ့ပြီး ဒါဟာ ယခုလ ကိုပါအမေရိက ဖလားပြိုင်ပွဲ မစတင်မီ သူတို့ရဲ့ နောက်ဆုံးခြေစမ်းပွဲလည်း ဖြစ်ပါတယ်။
ကာဗွန်နီဟာ မတ်လက ကော်စတာရီကာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲတွင် အာဂျင်တီးနားအတွက် ပထမဆုံးစီနီယာပွဲဦးထွက်ခွင့်ကို ရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကစားသမားလေးဟာ သောကြာနေ့တွင် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပြီး အသင်းအတွက် ထူးခြားတဲ့စွမ်းဆောင်ရည်ပြသခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
ကာဘိုနီကို ၂၀၂၀ ခုနှစ်တွင် အင်တာမီလန်က ခေါ်ယူခဲ့ပြီး စီးရီးအေကလပ် မွန်ဇာအသင်းတွင် အငှားဖြင့် တစ်ရာသီသွားရောက် ကစားစေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ သူဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားရဲ့ နောက်ဆုံးလူစာရင်းမှာ နေရာရယူဖို့ တွန်းအားပေးလုပ်ဆောင်နေပြီး လက်ရှိကမ္ဘာ့ဖလားချန်ပီယံတွေဟာ အုပ်စု A မှာ ကနေဒါနှင့် ဇွန်လ ၂၁ ရက်နေ့မှာ စတင်ကစားရမှာ ဖြစ်ပါတယ်။
"သူ့မှာ ကြီးကျယ်တဲ့ အနာဂတ်နှင့် ပစ္စုပ္ပန်နဲ့ အနာဂတ် ရှိပါတယ်။ အဲ့ဒါကို အခွင့်ကောင်းယူပြီး အစွမ်းထက်တဲ့ လူငယ်လေးတွေ တော်တော်များများကို အသုံးချရပါမယ်""သူဟာ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်နေတဲ့ ယူအက်စ်ကို ရောက်ကတည်းက သူ့ကို ယူ ၂၀ မှာသာ တွေ့ခဲ့ရပေမယ့် သူက အများကြီး တိုးတက်လာပါတယ်။ သူက အခြားသူတွေနဲ့မတူတဲ့ ကစားသမားဖြစ်ပါတယ်" လို့ မက်ဆီက TyC Sports သို့ ပြောကြားခဲ့ပါတယ်။
အင်တာမီလန်မှာ ကာဘိုနီနဲ့တွဲကစားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က မက်ဆီရဲ့ ချီးကျူးမှုအတိုင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။"အင်တာမီလန်မှာကတည်းက သူ့ကို ကျွန်တော်သိပါတယ်။ သူက ကျွန်တော်တို့နဲ့ ၂ နှစ်ကြာ လေ့ကျင့်ပေးခဲ့ပြီး ကစားသမားတစ်ဦးရဲ့ အရည်အသွေးအားလုံးကို ပြသခဲ့ပါတယ်"
"သူဟာ အသက် ၁၉ နှစ်ပဲရှိသေးတာ ထင်ရှားပါတယ်။ သူ့အတွက် ပွဲထွက်ခွင့်တွေရရှိဖို့ အရေးကြီးပါတယ်။ နည်းပြအဖွဲ့ဝင်တွေက သူ့ကို ပံ့ပိုးပေးဖို့၊ သူ့ကိုယုံကြည်မှုပေးဖို့ အရေးကြီးတယ်။ သူက ဆက်ပြီး သင်ယူရအုံးမှာဖြစ်ပေမယ့် အလားအလာတွေ အများကြီးရှိပါတယ်" လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းတွင် အာဂျင်တီးနားအသင်းနည်းပြ လီယွန်နယ်စကာလိုနီက ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် သူ့ရဲ့နောက်ဆုံးလူစာရင်းကို ထုတ်ပြန်အတွက် ပြင်ဆင်နေချိန်တွင် ကာဘိုနီဟာ သူ့ရဲ့အတွေးထဲတွင် ရှိနေမယ်လို့ ပြောကြားလိုက်ပါတယ်။စကာလိုနီက "ကာဘိုနီဟာ အလားအလာ အများကြီးရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်"
"အခြေအနေကြောင့် သူ့အတွက် ခက်ခဲတဲ့ ပွဲကောင်းတစ်ခုကို ကစားခဲ့ပါတယ်။ သူ့ကစားပုံကြောင့် ကျွန်တော်တို့ ပျော်ရွှင်နေပြီး သူက ကျွန်တော်တို့အတွက် အကျိုးပြုနိုင်တဲ့ ကစားသမားတစ်ဦးဆိုတာ ထင်ရှားပါတယ်။ အဆုံးသတ်မှာ သူ ပါလာမလားဆိုတာ ကြည့်ရမှာပါ" လို့ ပြောပါတယ်။