The network connection is lost.

Banner Image

နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုးအထိသွင်းယူပြီး အာဂျင်တီးနားပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ မက်ဆီ

သောကြာနေ့နံနက်က ဗင်နီဇွဲလားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဟာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားမြေမှာယှဉ်ပြိုင်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး ကစားသမားဟာ ၂ ဂိုးအထိသွင်းယူကာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ 

ယခုပွဲစဉ်အတွင်း အာဂျင်တီးနားနိုင်ငံသားပရိသတ်တွေဟာ မက်ဆီရဲ့နာမည်ကိုကြွေးကြော်အားပေးခဲ့ကြတာကြောင့် မက်ဆီအနေနဲ့လည်း ပွဲမစခင်ကွင်းထဲဝင်ရောက်ချိန်မှာ မျက်ရည်တွေဝဲနေခဲ့ပါတယ်။ အာဂျင်တီးနားမြေမှာကစားတဲ့ နောက်ဆုံးနိုင်ငံတကာပွဲစဉ်မှာလည်း မက်ဆီဟာ ထုံးစံအတိုင်း အမြင့်ဆုံးခြေစွမ်းမှာရှိနေခဲ့ပြီး ပထမပိုင်းမှာပဲ အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

အသင်းဖော် ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့ အကွက်မြင်မြင်ဖန်တီးပေးပို့မှုမှတစ်ဆင့် မက်ဆီဟာ ဗင်နီဇွဲလားနောက်ခံလူတွေနဲ့ ဂိုးသမားတို့ရဲ့ခေါင်းပေါ်မှတစ်ဆင့် ဘောလုံးကိုမတင်ပြီး ဂိုးထဲကို သာသာယာယာကန်သွင်းခဲ့တာဖြစ်ပါတယ်။ 

ဒုတိယပိုင်းမှာ အာဂျင်တီးနားအတွက် ဒုတိယဦးဆောင်ဂိုးကို လော်တာရိုမာတီနက်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး တတိယဂိုးကိုတော့ မက်ဆီကပဲ အယ်လ်မာဒါရဲ့ ပေးပို့မှုမှတစ်ဆင့် ဘယ်ခြေနဲ့ ပိတ်သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပရိသတ်တွေက အာဂျင်တီးနားမြေမှာ နောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုလက်ခုပ်တီးပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင် ယခုပွဲစဉ်အပြီးမှာ မီးရှူးမီးပန်းတွေဖောက်ပြီး မက်ဆီကို နှုတ်ဆက်ခဲ့ကြတာကြောင့် နိုင်ငံ့ဂုဏ်ဆောင်ကစားသမားအနေနဲ့လည်း မျက်ရည်တွေကျနေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။