The network connection is lost.

Banner Image

အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး‌ ပြောကြားလိုက်တဲ့ လက်ရွေးစင်အသင်းဖော် ချူအာမီနီ

ပိုလန်အသင်းနှင့် ကစားယ့် ယူရို ၂၀၂၄ အုပ်စုပွဲစဉ်မတိုင်မီ အမ်ဘာပေရဲ့ အခြေအနေကို ချူအာမီနီက ပြောကြားလိုက်ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ဩစ‌တြီးယားနှင့်ပွဲတွင် နှာခေါင်းရိုးကျိုးသွားခဲ့တာကြောင့် နယ်သာလန်အသင်းနှင့် ၁-၁ ဂိုး သရေကျခဲ့တဲ့ အုပ်စုဒုတိယပွဲတွင် ပါဝင်ခြင်းမရှိခဲ့ပါဘူး။ အစောပိုင်းက သတင်းတွေအရတော့ အမ်ဘာပေဟာ အနည်းဆုံး ၁၅ ရက်လောက် နားရနိုင်တာကြောင့် ကွာတားဖိုင်နယ်အဆင့်မှသာ ကစားနိုင်မှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပါဝင်ဖို့အပေါ်ထင်ကြေးပေးမှုများကြားတွင် အနာဂတ်ရီးရဲလ်မက်ဒရစ်အသင်းဖော် ချူအာမီနီက အမ်ဘာပေရဲ့ အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးရသတင်းကိုပြောကြားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ကွင်းအတွင်းဝင်ရောက်ပါက မျက်နှာဖုံးစွပ်မလားဆိုတာကိုပါ ကွင်းလယ်ကစားသမားက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သတင်းထောက်များနှင့် စကားပြောရာတွင် ရီးရဲလ်မက်ဒရစ်ကစားသမားက "သူက နောက်ပွဲမှာ ကစားချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မျက်နှာဖုံးကို စတင်ဝတ်ဆင်နေပါပြီ။ အဲ့ဒါမပါဘဲနဲ့ ကစားရတာကို သူက သဘောကျနိုင်ပေမယ့် ဆရာဝန်က အဲ့ဒီလိုမလုပ်ခိုင်းထားပါဘူး။ သူ ကွင်းထဲမှာ ရှိနေတဲ့အခါ ကျွန်တော်တို့အတွက် အများကြီး ယူဆောင်လာပေးပါလိမ့်မယ်"လို့ ပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဆုရှင်တွေဟာ အုပ်စုဗိုလ်အဖြစ်နဲ့နောက်တစ်ဆင့် တက်နိုင်ဖို့ အင်္ဂါနေ့မှာ ပိုလန်ကို အနိုင်ရရှိရန် ရည်မှန်းထားပါတယ်။