
တိုရွန်တိုကို သရေကျခဲ့ရတဲ့အကြောင်းအရင်းကို မာရှေးယာနို ပြောကြား
စနေနေ့ညက တိုရွန်တိုအသင်းကို သရေကျပြီးနောက် အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုက မောပန်းမှုက အခုပွဲရလဒ်ကို ထိခိုက်စေခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အခုပွဲမှာ အမှတ်လျော့ခဲ့တာကြောင့် အင်တာမိုင်ယာမီဟာ အမှတ်ပေးဇယားအဆင့်ထပ်တက်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ မာရှေးယာနိုက အမေရိကန်ဂိုးသမား ဂျွန်ဆင်ရဲ့လက်စွမ်းပြမှုကလည်း အခုပွဲသရေကျခဲ့တဲ့အကြောင်းအရင်းတွေထဲကတစ်ခုလို့ မှတ်ချက်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရှင်းလင်းတဲ့အခွင့်အရေးတွေရခဲ့ပါတယ်။ ဒုတိယပိုင်း ၁၅ မိနစ်လောက် ရှုပ်ထွေးခဲ့ပေမယ့် ပွဲက ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိခဲ့ပါတယ်။ သူတို့ဂိုးသမားက ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်။ ကျွန်တော်တို့မှာ ၄ ပွဲကျန်နေသေးသလို ဖြစ်နိုင်သမျှ အမြင့်ဆုံးအဆင့်နဲ့ပြီးနိုင်အောင် ကြိုးစားရပါမယ်။
ကျွန်တော်တို့ ပုံမှန်ရာသီမှာထိပ်ဆုံးနေရာနဲ့ အနီးဆုံးဖြစ်အောင် အာရုံစိုက်ရပါမယ်။ ဒီနေ့မှာ အခွင့်အရေးလွဲချော်ခဲ့ပေမယ့် ကျွန်တော်တို့ အိမ်ကွင်းမှာ အားသာချက်ရယူဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ Supporters’ Shield အတွက် ဆက်လက်တိုက်ပွဲဝင်ရပါမယ်။ အဲ့တာက ကျွန်တော်တို့ တာဝန်ပါ။ အဲ့တာက အလှည့်အပြောင်းပွဲတစ်ခုအမြဲဖြစ်ပါတယ်။ ၇၂ နာရီတောင်မဟုတ်ပါဘူး။
ကျွန်တော်တို့ ပင်ပန်းခဲ့သလို ဒီနေ့ကျွန်တော်တို့ရင်ဆိုင်ခဲ့တဲ့အသင်းက နောက်ဆုံး ၅ ပွဲမှာအရေးမနိမ့်ထားတဲ့အသင်းပါ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေဆဲဖြစ်ကာ တိုရွန်တိုကိုသရေကျခဲ့ပေမယ့် လာမယ့် ၄ ပွဲကိုအနိုင်ကန်ပြီး ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။