The network connection is lost.

Banner Image

မက်ဆီရဲ့စာချုပ်သက်တမ်းတိုးမှုအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဒီပေါလ်

အင်တာမိုင်ယာမီအသင်းဖော် ဒီပေါလ်က မက်ဆီတစ်ယောက် အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တာက အသင်းကိုစိတ်ခွန်အားဖြစ်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။ မက်ဆီရဲ့သက်တမ်းတိုးမှုနဲ့အတူ အင်တာမိုင်ယာမီဟာ ပထမဆုံးမေဂျာလိဂ်ဖလားခြေစစ်ပွဲမှာ နက်ရှ်ဗီလီအသင်းကို ၃-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ မက်ဆီအနာဂတ်ကသေချာခဲ့တာကြောင့် အင်တာမိုင်ယာမီဟာ ယုံကြည်မှုအပြင် အရှိန်အဟုန်ပါ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဒီပေါလ်ကလည်း အဝတ်လဲခန်းထဲမှာ မက်ဆီရဲ့စာချုပ်သစ်က အရေးပါမှု ကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အတူတူရှိခဲ့တာပါ။ သူ့စာချုပ်သက်တမ်းတိုးတာက အသင်းကို အပိုစိတ်ခွန်အားဖြစ်စေပါတယ်။ ကျွန်တော်တို့ သူ့ကိုအသင်းမှာဆက်ရှိနေစေချင်ပါတယ်။ သူလုပ်ပြနေတာတွေကိုမြင်ရတာ ပျော်ရွှင်မိပါတယ်။  သူ့လိုကစားသမားမျိုးနောက်ထပ်မရှိနိုင်တော့ပါဘူး။ အပတ်တိုင်း သူကျွန်တော်တို့အသင်းမှာရှိနေတာက အားသာချက်ပါ”လို့ ဒီပေါလ်က ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုကလည်း မက်ဆီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ စိုးရိမ်မှုရှိခဲ့တာဖြစ်ပါတယ်။ “လီယိုအနားမှာဖြစ်တာတွေက တခါတလေကြီးမားပါတယ်။ တစ်ချို့အချိန်တွေ သူ့အနားမှာဆူညံနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ သူ့ကိုကာကွယ်ရပါမယ်။ ဒီရာသီမှာ အနည်းဆုံးဖြစ်အောင်လုပ်ရပါမယ်။ 

သူ့ဘက်ကလည်း မလိုလားအပ်တဲ့အရဲစွန့်မှုတွေမလုပ်အောင် သေချာလေးလုပ်ဆောင်ရပါတယ်။ အဓိကက အခြေအနေအရမ်းမဆိုးဝါးအောင်ပါ။ အသင်း နဲ့ လီယိုကြားက ကနဦးသဘောတူညီမှုရရှိထားပါပြီ။ ခြေစစ်ပွဲရှိနေတာကြောင့် တရားဝင်မကြေညာသေးတာပါ။ ကျွန်တော်တို့ စိတ်အေးအေးထားပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာကမကြေညာသေးရင်တောင် သဘောတူညီမှုကရရှိပြီးပါပြီ။

ကျွန်တော်တို့ ပွဲအစတုန်းက မှန်ကန်တဲ့ဖိအားပေးမှုရှိခဲ့ပေမယ့် အနည်းငယ်လောက်ရုန်းကန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကောင်လေးတွေကိုင်တွယ်နိုင်ခဲ့ပါတယ်။ အချက်အလက်တွေအရ ပထမဆုံးဂိုးက ဖိအားတွေကနေ လာတာပါ”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။