
Why always me ဆိုတဲ့အောင်ပွဲခံမှုက ဘာကြောင့် ကျော်ကြားခဲ့လဲဆိုတာကို ဘာလော့တယ်လီရှင်းပြ
မန်စီးတီးစတားဟောင်း ဘာလော့တယ်လီက why always me ဆိုတဲ့အောင်ပွဲခံမှုက ဘာကြောင့် ကျော်ကြားခဲ့လဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ ဘာလော့တယ်လီက မန်စီးတီးမှာတုန်းက သူ့အနေနဲ့ မီဒီယာတွေနရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရကြောင်း သူ့အတွေ့အကြုံကိုရှင်းပြခဲ့ပါတယ်။ အသက် ၃၅ နှစ်သားဟာ လက်ရှိမှာ ဂျီနိုအာအသင်းကနေထွက်ခွာပြီးနောက် အသင်းသစ်ရှာဖွေနေပါတယ်။ အီတလီသားဟာ အင်တာမီလန်ထံကနေ စီးတီးထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အလားအလာအရှိဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ကလေးဘဝတုန်းက ပြဿနာတွေအပြင် အင်္ဂလိပ်ဘောလုံးဟန်ကြောင့် မတည်ငြိမ်တဲ့စွမ်းဆာင်ရည်တွေနဲ့အတူ ကျဆင်းခဲ့ရပါတယ်။ကွင်းပြင်ပမှာ ကျော်ကြားတဲ့ဖြစ်ရပ်တွေဖြစ်ပျက်ခဲ့ပြီးနောက် ဘာလော့တယ်လီက ၂၀၁၁ အောက်တိုဘာတုန်းက မန်ချက်စတာဒါဘီပွဲအဖြစ် ယူနိုက်တက်ကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အောက်ခံအကျီကို why always me ဆိုတဲ့စာသားနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
အီတီဟက်မှာ အီတလီသားဟာ ၂၀၁၀ ကနေ ၂၀၁၃ အထိ ဖြတ်သန်းခဲ့ပြီး ၂၀၁၂ တုန်းက အဂူရိုရဲ့နောက်ကျအနိုင်ဂိုးနဲ့အတူရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် ပွဲ ၈၀ မှာ ၃၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနနဲ့အင်တာဗျူးမှာ ဘာလော့တယ်လီက အင်္ဂလန်ကစားသမားဘဝက သူ့အပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတာကို ပြောကြားခဲ့ပါတယ်။
“အင်တာမှာ ကျွန်တော်တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာကတော့ ပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့တာက ကျွန်တော်တစ်ယောက်တည်းနေရတဲ့ပထမဆုံးအကြိမ်ပါ။ ကျွန်တော့်မိသားစုက အဲ့မှာရှိမနေပါဘူး။ ကျွန်တော် အသားမကျခဲ့ပါဘူး။ အဲ့တာက ခင်ဗျားကို ပိုကောင်းလာစေနိုင်သလို ပိုလည်းဆိုးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအမှားတွေလုပ်နိုင်ပါတယ်။ ခင်ဗျားဘာသာ အဲ့ကနေ ရုန်းထွက်ရမှာပါ။
Why Always Me? လား။ ကျွန်တော် အဲ့တာကို ပွဲမတိုင်ခင်တုန်းက warehouse အလုပ်သမားနဲ့ရှိနေခဲ့တာပါ။ ကျွန်တော်က ပြဿနာတွေရဲ့အလယ်မှာရှိနေတာပါ။ အဲ့တာက ပေါက်ကွဲဖို့ အကောင်းဆုံးပါ”လို့ ဘာလော့တယ်လီက ပြောကြားခဲ့ပါတယ်။ ဘာလော့တယ်လီက ကစားသမားဘ၀ အီဘရာဟီမိုဗစ်က အကောင်းဆုံးကူညီပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ မန်ချီနီ နဲ့ ပရန်ဒယ်လီတို့ကလည်း သူ့အပေါ်အနားလည်နိုင်ဆုံးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် မန်ချီနီနဲ့အတူ အများကြီးကစားခဲ့ပါတယ်။ နိုင်ငံအသင်းမှာဆိုရင်လည်း ပရန်ဒယ်လီနဲ့အချိန်ကောင်းတွေရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဘာလော့တယ်လီဟာ အီတလီအတွက် ၃၆ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ဝမ်းနည်းမှုအတွက် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အတွက် နိုင်ငံအသင်းက အရေးပါပါတယ်။ အီတလီအတွက် ကိုယ်စားပြုခွင့်ရတာက ကျွန်တော်ဂုဏ်ယူမိပါတယ်။ အဲ့တာက ကျွန်တော်လွဲချော်နေတဲ့အရာပါ။ သူတို့ဘာကြောင့် ကျွန်တော့်ကိုနိုင်ငံအသင်းအတွက် ဆက်ပါဝင်ခွင့်မပေးရတာလဲဗျာ?။ ကျွန်တော် တကယ့်အကြောင်းပြချက်ကို မသိခဲ့ပါဘူး”လို့ ဘာလော့တယ်လီက ပြောကြားခဲ့ပါတယ်။ ဂျီနိုအာကနေထွက်ခွာပြီးကတည်းက ဘာလော့တယ်လီဟာ အသင်းလက်မဲ့ဖြစ်နေပြီး ကြံ့ခိုင်မှုအတွက် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရပါတယ်။