The network connection is lost.

Banner Image

ဂျီနိုအာနောက်ခံလူ အော့စတီဂတ်ကို ခေါ်ယူဖို့ အင်တာမီလန် စီစဉ်နေ

ဂျီနိုအာအသင်းရဲ့ နောက်ခံလူ လီယိုအော့စတီဂတ်ကို စီးရီးအေ ဇယားထိပ်က အင်တာမီလန်အသင်းက စိတ်ဝင်စားနေပါတယ်။ အင်တာမီလန်နည်းပြ ခရစ္စတီယန်ချီဗူးဟာ လာမယ့်နွေရာသီမှာ ဗဟိုနောက်ခံလူသစ် နှစ်ဦးအထိ အားဖြည့်ဖို့ ရှာဖွေနေပြီး l'Interista သတင်းဌာနရဲ့ ဖော်ပြချက်အရ အော့စတီဂတ်ဟာ အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာပါ။ ဘရိုက်တန်နောက်ခံလူဟောင်းဖြစ်သူ အော့စတီဂတ်ဟာ ယူရို ၁၀ သန်းကနေ ၁၂ သန်းဝန်းကျင်လောက်ရှိတဲ့ ကမ်းလှမ်းမှုမျိုးရရင် ရာသီပိတ်ကာလမှာ ဂျီနိုအာအသင်းကနေ ထွက်ခွာခွင့်ရရှိနိုင်ပါတယ်။

နည်းပြချီဗူးအနေနဲ့ ဘိုင်ယန်မြူးနစ်က ကင်မင်းဂျေး ဒါမှမဟုတ် လီဗာပူးက ကိုနတေးတို့လိုမျိုး ထိပ်တန်းအဆင့်ရှိတဲ့ ဗဟိုနောက်ခံလူတစ်ဦးအပြင်၊ အော့စတီဂတ်လိုမျိုး အသင်းအတွက် အားကိုးလို့ရမယ့် အရန်အင်အားကောင်း ကစားသမားတစ်ဦးကိုပါ အလိုရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ အင်တာမီလန်အသင်းရဲ့ ခံစစ်ပိုင်းမှာ မက်တီယို ဒါမီယန်၊ စတီဖင် ဒီဗရိုင်းနဲ့ ဖရန်ဆက်စကို အာဆာဘီတို့ဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဒီနွေရာသီမှာ နည်းပြချီဗူးအနေနဲ့ ခံစစ်ကစားသမားတွေကို အကြီးအကျယ် အစားထိုး ပြောင်းလဲပြင်ဆင်မှုတွေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။