
ချန်ပီယံလိဂ်ပါဝင်ခွင့်ရရန် ဦးစားပေးရမည်ဆိုပါက မာရက်စ်ကာအတွက် ပြဿနာရှိနိုင်တယ်လို့ ပြောကြားလိုက်တဲ့ ပေါလ်မာဆင်
ပေါလ်မာဆင် က ချဲလ်ဆီး မန်နေဂျာ မာရက်စ်ကာ အတွက် ယခုရာသီတွင် ချန်ပီယံလိဂ်ပါဝင်ခွင့်ရရန် ဦးစားပေးရမည်ဆိုပါက ပြဿနာရှိနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ Sky Sports News ရဲ့ သတင်းထောက် ဆိုဟီခိုလ်ရဲ့ ဖော်ပြချက်အရ ချန်ပီယံလိဂ်ပါဝင်ခွင့်ရရန်မှာ ချဲလ်ဆီးအသင်းရဲ့ လက်ရှိရာသီ အဓိကရည်မှန်းချက်ဖြစ်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ် ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် အသင်းဟာ ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ ထိုအခြေအနေကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာမှ ဖယ်ပေးခဲ့ရပါတယ်။
ချဲလ်ဆီးဟာ လက်ရှိတွင် အဆင့် ၆ နေရာတွင် ရပ်တည်နေပြီး အဆင့် ၄ နေရာရှိ မန်စီးတီး နှင့် ၁ မှတ်သာ ကွာနေတာဖြစ်ပါတယ်။ ယခုရာသီတွင် အဆင့် ၅ နေရာရရှိပါက ချန်ပီယံလိဂ်ပါဝင်ခွင့်ကို ရရှိနိုင်သည့်အတွက် မာရက်စ်ကာရဲ့အသင်းဟာ ဥရောပ ထိပ်တန်းပြိုင်ပွဲသို့ ပြန်လည်ရောက်ရှိရန် အလားအလာကောင်းများ ရှိနေဆဲဖြစ်ပါတယ်။
သို့သော် အက်ဖ်အေဖလားပြိုင်ပွဲ နှင့် ပရီးမီးယားလိဂ်တွင် ဘရိုက်တန်ကို တစ်ပတ်အတွင်း ၂ ကြိမ်ရှုံးနိမ့်ခဲ့မှုကြောင့် ချဲလ်ဆီးအတွက် စိုးရိမ်စရာများ ရှိနေပြီး နည်းပြအတွက် နောက်ပိုင်းတွင် ပြဿနာများ ရှိနိုင်တယ်လို့ မာဆင်က ယုံကြည်နေပါတယ်။ အကယ်၍ ရလဒ်များ တိုးတက်မှုမရှိပါက မာရက်စ်ကာအပေါ် ဖိအားများ ပိုမိုများပြားလာမှာဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ ဗီလာနှင့် ကစားရမယ့် စနေနေ့ပွဲစဉ်မတိုင်မီ မာဆင်က ပါလ်မာရဲ့ မကြာသေးမီက စွမ်းဆောင်ရည်ကျဆင်းမှုများ အထောင်တိုက်စစ်မှူးနှင့် ဂိုးသမားမရှိခြင်း နှင့် အသင်းရဲ့ အရွယ်အစားကြောင့် နောက်ထပ်နာကျင်မှုများ ရှိနိုင်သည်ကို ဆွေးနွေးခဲ့ပါတယ်။
"ချဲလ်ဆီး အတွက် နောက်ထပ်အနိုင်ရရန် ဘယ်ကနေရမလဲဆိုတာ ကျွန်တော် မသိပါဘူး" "ဝက်စ်ဟမ်း နှင့်ကစားတုန်းက သူတို့ကံကောင်းတယ်လို့ ထင်ခဲ့ပါတယ်။ ဘရိုက်တန်နှင့်ကစားခဲ့တဲ့ ၂ ပွဲဟာ လိုအပ်တဲ့အဆင့်ထက် အများကြီး နိမ့်ကျနေပါတယ်" "ဗီလာနှင့်ကစားရမယ်ဆိုင် သူတို့အနိုင်ရမယ်လို့ မထင်ပါဘူး" "ချန်ပီယံလိဂ်ပါဝင်ခွင့်ရရန် ဦးစားပေးရမည်ဆိုပါက မာရက်စ်ကာ အတွက် ကြီးမားတဲ့ ပြဿနာရှိနေပြီ" "ဒီရာသီရည်မှန်းချက်ကို အရင်က ပြောပြခဲ့ခြင်း မရှိပါဘူး"
"အရင်က အရာရာ အဆင်ပြေနေတုန်းက ဒီရာသီက တည်ဆောက်ရေးရာသီတစ်ခုဖြစ်ပြီး တိုးတက်မှုတွေ ရှိလာမယ်လို့ ပြောခဲ့ပါတယ်။ ချန်ပီယံလိဂ်ပါဝင်ခွင့်ကို သိပ်မဖော်ပြခဲ့ကြပါဘူး။ ကြည့်ရအောင်လို့သာ ပြောခဲ့တာပါ။ ကစားသမားအသစ်တွေနဲ့အတူတူ လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး အနာဂတ်အတွက် တိုးတက်အောင် လုပ်မယ်လို့ ထင်ခဲ့ပါတယ်"
"အစပိုင်းမှာ အရာအားလုံး အရမ်းကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် အခု ရုတ်တရက် ချန်ပီယံလိဂ်က ရည်မှန်းချက်ဖြစ်လာပြီး ထိပ်ဆုံး ၄ နေရာဝင်ဖို့ လိုတယ်လို့ ကြားလိုက်ရပါတယ်" "ဒါဆိုရင် နည်းပြက အခုချိန်မှာ ကြီးမားတဲ့ ဖိအားတွေအောက်မှာ ရှိနေပါပြီ" လို့ မာဆင်က ပြောပါတယ်။ "ချဲလ်ဆီး က ဘယ်လောက်ပဲ ငွေကြေးသုံးစွဲခဲ့ပါစေ ဘယ်လောက်ပဲ ရေရှည်စာချုပ်တွေ ချုပ်ဆိုခဲ့ပါစေ ထိပ်တန်းဂိုးသမားနဲ့ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး မရှိတာကို နားမလည်ပါဘူး"
"ဂျက်ဆင်အပေါ် ဝေဖန်မှုတွေ အများကြီးရှိပေမယ့် သူမပါတဲ့အခါ အသင်းက သူ့ကို အရမ်းလိုအပ်နေတာပါ" "သူ့ကို အများဆုံး လွမ်းနေမိတာတော့ ကိုးလ်ပါလ်မာ ပါ" "ဂျက်ဆင်ကို ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ ပွဲတွေမှာ ပရိသတ်တွေက ဝေဖန်တတ်ကြတယ်။ ဒါပေမယ့် ပါလ်မာက ဂျက်ဆင်ကို သေချာပေါက်လိုအပ်ပါတယ်"
"ဂျက်ဆင် ကလည်း ပါလ်မာကို လိုအပ်တယ်? ဒါပေမယ့် ပါလ်မာက ပိုလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပြေးတတ်တယ် ကစားပုံကို ဖြန့်တတ်တယ် နေရာလွတ်တွေ ဖန်တီးပေးတက်လို့ပါ" "ချဲလ်ဆီးမှာ ဘယ်သူကမှ ပြေးတာမျိုး မလုပ်ဘူး။ အားလုံးက ဘောလုံးကို ခြေနဲ့ထိတာကို ကြိုက်တယ်။ နှစ်ဖက်တိုက်စစ်မှူးတွေက ဘောလုံးကို ခြေနဲ့ထိပြီးမှ သူတို့ရဲ့ မှော်ဆန်တဲ့ကစားဟန်တွေ လုပ်မယ်။ ဘောလုံးမပါဘဲ ပြေးမှာ မဟုတ်ဘူး။ ဒါကို လုပ်တဲ့သူက ဂျက်ဆင် တစ်ယောက်တည်းပါ"
"ပါလ်မာကို ကြည့်ရင် သူက နောက်တန်းလေးယောက်ဆီကနေ ဘောလုံးကို လှမ်းယူနေရပါတယ်။ သူက နောက်ကို ပြန်ဆုတ်ရတယ်။ ဘာလို့လဲဆိုတော့ အထောင်တိုက်စစ်မှူးမရှိတဲ့အတွက် ပွဲက ပိတ်နေတယ်။ ဘယ်သူမှ ဗဟိုခံစစ်မှူးကို မဆွဲထုတ်ကြပါဘူး။ ဒါကြောင့် ပွဲက ကစားရတာ အရမ်းကျဉ်းသွားပါတယ်"
"ပွဲကစားရတာ ကျဉ်းသွားတဲ့အခါ ပါလ်မာ၏က သူပုံမှန်လုပ်နေကျအရာတွေ မလုပ်နိုင်တော့ဘူး။ သူက နေရာလွတ်လိုပါတယ်။ အခုအချိန်မှာ သူက နောက်ကို ပြန်ဆုတ်နေရပါတယ် သူ့ရှေ့မှာ ကစားသမား ၁၀ ယောက်ရှိနေတယ်။ ဒါဖြစ်လာရင်၊ အရာအားလုံးက ပိုခက်သွားပါတယ်" လို့ ဆက်လက်ပြောကြားထားပါတယ်။
"ချဲလ်ဆီး နဲ့ပတ်သက်လို့ ဒါကို စောင့်ကြည့်ရမယ့်အရာပါ" "ဒါက ဘယ်လိုအလုပ်လုပ်မလဲဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ကစားသမားတွေက ရေရှည်စာချုပ်တွေ ချုပ်ဆိုထားပြီး ငှာထားတဲ့ကစားသမားတွေလည်း အများကြီးရှိပါတယ်" "သူတို့ လွှတ်လိုက်ရတဲ့ ကစားသမားတွေကို ကြည့်လိုက်။ အားလုံးကို ပျော်ရွှင်အောင် ထားဖို့ မဖြစ်နိုင်ဘူး"
"ရာသီအစမှာ သူတို့က ကွန်းဖရင့်လိဂ်ရှိတဲ့အတွက် အဆင်ပြေနေခဲ့တယ်။ အဲဒီပြိုင်ပွဲမှာ ကစားသမားတွေကို ကစားခွင့်ပေးနိုင်တယ်။ အခု ကြာသပတေးနေ့တိုင်း ပွဲစဉ်မရှိတော့တဲ့အတွက် ဒီအခွင့်အရေးမရှိတော့ဘူး။ ကစားသမားတွေ အများကြီးကို အငှားချလိုက်ရတယ်။ အားလုံးကို ပျော်ရွှင်အောင် ထားဖို့ မဖြစ်နိုင်ပါဘူး"
"နောက်ရာသီမှာ ချန်ပီယံလိဂ်ပါဝင်ခွင့်ရရင်တောင် ကျွန်တော် ထင်တာက အားလုံးကို ပျော်ရွှင်အောင် ထားဖို့ မဖြစ်နိုင်ဘူး" "နည်းပြကို စာနာမိပါတယ်။ သူ့မှာ ပျော်ရွှင်အောင် ထားလို့မရတဲ့ ကစားသမားတွေ အများကြီးရှိနေတယ်။ ချဲလ်ဆီး မှာ နောက်ထပ် ဝမ်းနည်းစရာတွေရှိနေအုံးမှာပါ"