The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားတွေရဲ့ အမှားတွေအပေါ် မာရက်စ်ကာ ဝေဖန်

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာက အသင်းဟာ အမှားတွေအများကြီးကျူးလွန်ခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဘရိုက်တန်အသင်းကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပြီး ရာသီအစမှာ (၂) ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ ဝေဖန်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ကစားသမားတစ်ဦးအနီကတ်ပြခံခဲ့ရတာလည်းပါဝင်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လိဂ်ပွဲစဉ် (၂) ပွဲဆက် ကစားသမားထုတ်ပယ်ခံခဲ့ရပြီး ဒီတစ်ခါမှာတော့ နောက်ခံလူထရီဗိုချာလိုဘတ်ဟာ ၅၅ မိနစ်မှာ ဂိုမက်ဇ်ကို Last Defender အနေနဲ့ ဝင်ရောက်တားဆီးခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရပါတယ်။ 

အဲဒီနောက်မှာတော့ ပွဲကလုံးဝပြောင်းလဲသွားခဲ့ပြီး ဘရိုက်တန်အသင်းက ပွဲပြီးခါနီးမိနစ်တွေမှာ မက်ဆင်ဒီကူပါ၊ ဒန်နီဝဲလ်ဘတ်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာက "ကျွန်တော်တို့အနေနဲ့ လက်ဆောင်တွေဆက်ပြီးမပေးသင့်ပါဘူး။ အနီကတ်ပြခံရတာကတော့ အမှားကြီးတစ်ခုပါပဲ၊ ဘာလို့လဲဆိုတော့ ပွဲကအဲဒီနောက်မှာ လုံးဝပြောင်းလဲသွားလို့ပါပဲ။ ကျွန်တော်တို့ကစားကွက်ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အမှားတွေကြောင့် အစီအစဉ်တွေအားလုံးပြောင်းလဲသွားခဲ့ရတယ်" လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက ပထမပိုင်းမှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ချာလိုဘတ် ထုတ်ပယ်ခံရတဲ့အထိ ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဂီုးစီသရေဖြစ်သွားချိန်မှာတော့ အသင်းက ပြိုလဲသွားခဲ့ပြီး ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ကြားရက်မှာတော့ နည်းပြဟောင်း မော်ရင်ဟိုရဲ့ ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။