The network connection is lost.

Banner Image

နိုင်ငံအသင်းထံပြန်လာဖို့ လမ်းဖွင့်ထားတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာကတော့ ယူရိုပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူထားပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် နိုင်ငံအသင်းထံပြန်လာဖို့ လမ်းဖွင့်ထားတယ်လို့သိရပါတယ်။ဂျာမန်ဘောလုံးအဖွဲ့ချုပ်အားကစားဒါရိုက်တာ ဗော်လာကတော့ နူအာတစ်ယောက် ပြန်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူရို ၂၀၂၄ အပြီးမှာ နူအာဟာ ဂျာမနီအသင်းကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

တာစတီဂျန်အခြေအနေက မသေချာတာကြောင့် ဂျာမနီအနေနဲ့ နူအာကို ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။ သာမန်အားဖြင့် နူအာမရှိချိန်မှာ တာစတီဂျန်က သူ့နေရာကို ဆက်ခံရမှာဖြစ်ပေမယ့် အသက် ၃၃ နှစ်သားဟာ ဂါစီယာရောက်လာမှုနဲ့အတူ ဘာစီလိုနာမှာ နေရာရဖို့မသေချာတော့တာဖြစ်ပါတယ်။ အသက် ၃၉ နှစ်သား နူအာဟာ ၂၀၂၄ သြဂုတ်လတုန်းက နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

အနားမယူခင် နူအာတစ်ယောက် ဂျာမနီအသင်းအတွက် ၁၂၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ လက်ရှိမှာ ဘိုင်ယန်အသင်းနဲ့အတူ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသနေဆဲဖြစ်ကာ စာချုပ်သက်တမ်းက ၂၀၂၆ အထိ ကျန်ရှိနေပါတယ်။ ဂျာမန်နည်းပြ နာဂယ်စမန်းက တာစတီဂျန်သာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ရင် လာမယ့်ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်လောက်တာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တာစတီဂျန်အနေနဲ့ ဂျာမနီအသင်းလူစာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် ပုံမှန်ကစားခွင့်ရဖို့ လိုအပ်သလို လာမယ့်ဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ လိုအပ်နေပါတယ်။

တာစတီဂျန်အနေနဲ့ ပုံမှန်ကစားခွင့်မရခဲ့ရင် သူ့နေရာကို နူဘယ် ၊ အိုလီဗာ ၊ အာတူဘိုလူတို့လိုလူငယ်ဂိုးသမားတွေက နေရာယူဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း အသင်းဖော်ဟောင်း မူလာကတော့ Bild နဲ့အင်တာဗျူးမှာ “တကယ်လို့ နူအာသာ ကြံ့ခိုင်မှုပြည့်ဝပြီး လက်စွမ်းပြနေရင် သူက လာမယ့်ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်လာမှာ သေချာပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။