The network connection is lost.

Banner Image

စတားဟောင်းကို ဘန်လေထံကနေ ပြန်လည်ခေါ်ယူလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဘန်လေအသင်းထံရောင်းချခဲ့တဲ့ ဂိုးသမား ထရက်ဖို့ဒ်ကို စာချုပ်ပါအချက်အရ ပေါင်သန်း ၄၀ အောက်နဲ့ ပြန်လည်ခေါ်ယူလိုက်ပါတယ်။ နယူးကာဆယ်အသင်းဟာ ဂိုးသမားနေရာအတွက် ထရက်ဖို့ဒ်ကို ပစ်မှတ်ထားခဲ့ပေမယ့် စီးတီးက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ထရက်ဖို့ဒ်ရောက်လာမှုကြောင့် လာမယ့်ရာသီစီးတီးရဲ့ဂိုးသမားအပြောင်းအလဲတွေမြင်တွေ့လာရဖွယ်ရှိနေပါတယ်။ 

ရိုမာနိုက မန်စီးတီးဟာ ဘန်လေထံကနေ ထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ကနဦးဖော်ပြခဲ့တာဖြစ်ပါတယ်။ ထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ဂွါဒီယိုလာက ပုဂ္ဂိုလ်ရေးအရလည်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ နယူးကာဆယ်အသင်းက ချိတ်ဆက်ခဲ့ပေမယ့်လည်း ကစားသမားက စီးတီးပြန်ဖို့သာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။နွေရာသီအစောပိုင်းတုန်းက ထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ စီးတီးဘက်က စိတ်မဝင်စားပေမယ့် အခုတစ်ကျော့ပြန် စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်သားဟာ စီးတီးမှာပွဲထွက်ခွင့်အတွက် အီဒါဆန် ၊ အော်တီဂါတို့နဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။ အီဒါဆန်ကထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းကြီးခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းမှာဆက်နေဖွယ်များနေပြီး အော်တီဂါကို ဘွန်ဒက်စ်လီဂါမြေက ချိတ်ဆက်နေပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ နယူးကာဆယ်ဟာ ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စီးတီးက စာချုပ်ပါအချက်ကို အသက်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထရက်ဖို့ဒ်ဟာ စီးတီး နဲ့  ၅ နှစ်စာချုပ် + အပို ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ရာသီကြိုခရီးစဉ်က နောက်ကျမှာဖြစ်တာကြောင့် ထရက်ဖို့ဒ်အပြောင်းအရွှေ့က အပြီးသတ်နိုင်ချေရှိနေပါတယ်။ လက်ရှိမှာ ထရက်ဖို့ဒ်ဟာ အီဒါဆန် ၊ အော်တီဂါတို့နောက်မှသာ ပါဝင်ခွင့်ရမှာဖြစ်ပေမယ့် တကယ်လို့ အော်တီဂါထွက်ခွာခဲ့ရင်တော့ ထရက်ဖို့ဒ်က ဒုတိယဦးစားပေးဂိုးသမားအလျင်အမြန်ဖြစ်လာမှာဖြစ်ပါတယ်။