
အတွေ့အကြုံရှိ ပီအက်စ်ဂျီ ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်၊ လီဂူးဝမ်းနှင့် ပြင်သစ်ဖလား ရယူရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင် ကစားသမားဟာ ပြိုင်ပွဲစုံတွင် ၅၈ ပွဲ ကစားခဲ့ပြီး အဲ့ဒီအထဲမှ ၁၇ ပွဲက ချန်ပီယံလိဂ်တွင် ဖြစ်ပါတယ်။ ရူးစ်ဟာ အင်တာမီလန်နှင့် ဗိုလ်လုပွဲတွင် ဗီတင်ညာ နှင့် ဂျာအို နေးဗက်စ် တို့နှင့်အတူ ပွဲထွက်ကစားခဲ့ပြီး သူတို့ကွင်းလယ်သုံးဦးဟာ လူးဝစ် အင်းနရစ် လက်အောက်တွင် ရာသီတစ်လျှောက်လုံး အထူးခြေစွမ်းပြသခဲ့ကြတာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ စွမ်းဆောင်ရည်များစွာ ပြသခဲ့ပြီးနောက် ရူးစ်ဟာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုများစွာကို ဆွဲဆောင်နိုင်ခဲ့တာကတော့ အံ့သြစရာမဟုတ်ပါဘူး။ ယူနိုက်တက်ဟာ နာပိုလီကစားသမားဟောင်းကို သဘောကျကြောင်း သတင်းများက ဖော်ပြထားပါတယ်။ ပြင်သစ်သတင်းစာ Foot Mercato ရဲ့ ဖော်ပြချက်အရ ဆော်ဒီအာရေးဗျကလပ်ဟာ အထူးသဖြင့် အယ်လ်နာဆာ နှင့် အိုးထရက်ဖို့ဒ် တို့မှ စိတ်ဝင်စားမှုများ ရှိနေပါတယ်။
သရဲနီတွေဟာ ရူးစ်နှင့် ချိတ်ဆက်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်တုန်းက နာပိုလီမှ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့စဉ် အင်္ဂလိပ်ကလပ်ဟာ သူ့ကို ခေါ်ယူဖို့ ရှိနေတဲ့ အသင်းများထဲက တစ်သင်းဖြစ်ပါတယ်။ သို့သော် ယူနိုက်တက်နှင့် ပီအက်စ်ဂျီ တို့ဟာ မကြာသေးမီက ကွာခြားမှုများကြောင့် ရူးစ်ကို ခေါ်ယူရန်မှာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။
ပြင်သစ်ချန်ပီယံတွေဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်တွင် အင်တာမီလန်ကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံးအသင်းအဖြစ် ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ သရဲနီတွေကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ၁၅ နေရာသာ ရခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်တွင် ပြည်တွင်းပြိုင်ဘက် တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ဥရောပွဲတွေမှာ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။
ပီအက်စ်ဂျီ ကလည်း ရူးစ်ကို လက်လွှတ်မခံလိုပဲ စပိန်လက်ရွေးစင်ဟာ ၂၀၂၄-၂၅ ရာသီတစ်လျှောက်လုံး အင်းနရစ်ရဲ့ ကလပ်အတွက် အစီအစဉ်များတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါတယ်။ မန်နေဂျာက ယခုနှစ်အစောပိုင်းက ရူးစ်ရဲ့အကြောင်းကို "ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ သူ့ရဲ့ ကလပ်အတွက် ပေးစွမ်းတဲ့အရာတွေအပေါ် ကျွန်တော် သဘောကျပါတယ်။ သူကလည်း တခြားသူတွေလိုပဲဖြစ်ပြီး ဝပိုကောင်းလာနိုင်ပါသေးတယ်။ သူက အမြဲကြိုးကြိုးစားစား ကစားတယ် တစ်မိနစ်ပဲဖြစ်ဖြစ် မိနစ် ၉၀ ပဲဖြစ်ဖြစ် အမြဲအသင့်ရှိနေပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ် သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ကျွန်တော် သဘောကျမိပါတယ်"
"တခါတလေ သူက ဝေဖန်ခံရပေမယ့် ကျွန်တော့်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်ပါ။ အသင်းဖော်တွေနဲ့ ဘယ်လို ကစားရမယ်ဆိုတာ သူက ကောင်းကောင်းသိပါတယ်။ ဖန်တီးပေးနိုင်စွမ်းလည်းရှိသလို လိုင်းတွေကြားမှာ ကစားနိုင်ပါတယ်။ ဘောလုံးမပါဘဲ ကစားနိုင်တယ် အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ ကန်ချက်က အရမ်းကိုကောင်းပါတယ်"
"ယူရို ၂၀၂၄ မှာ သူက အကောင်းဆုံးကစားသမားအဖြစ် မဲပေးခံခဲ့ရတယ်ဆိုတာ မမေ့သင့်ပါဘူး" လို့ ပြောပါတယ်။ ကွင်းလယ်လူဟာ ပါရီတွင် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပီအက်စ်ဂျီ က သူ့ကို အသင်းမှ မထွက်ခွာရန် စည်းရုံးဖို့အတွက် စာချုပ်သက်တမ်းတိုးခြင်းသည်သာ ဖြစ်နိုင်ခြေရှိနေပါတယ်။ ယူနိုက်တက်ကတော့ ထုံးစံအတိုင်းပင် ယခုအပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်အပါအဝင် ကစားသမားများစွာနှင့် ချိတ်ဆက်နေပါတယ်။
ရူးစ်နှင့် အဆင့်အတန်းတူ မဟုတ်သော်လည်း လက်စတာစီးတီး မှ အန်ဒီဒီဟာ စာချုပ်ပါ လျော်ကြေးသတ်မှတ်ချက်ကြောင့် ပေါင် ၉ သန်းဖြင့်သာ ခေါ်ယူနိုင်တာကြောင့် သရဲနီတို့ရဲ့ စိတ်ဝင်စားမှုစာရင်းတွင် ပါဝင်နေတယ်လို့ သိရပါတယ်။ သရဲနီတို့ဟာ အသင်းရှိ နေရာစုံမှာ တိုးတက်ဖို့ ရှာဖွေလုပ်ဆောင်နေပြီး တိုက်စစ်တွင် အမ်ဘိုမူ ကို ခေါ်ယူနိုင်ဖို့ ဆက်လက်အာရုံစိုက်နေကာ ဘရန့်ဖို့ဒ်နှင့် သဘောတူညီမှု ရရှိရန် ကြိုးစားနေပါတယ်။
ဂိုးသမား အိုနာနာ ရဲ့ အနာဂတ်မှာလည်း မရေမရာဖြစ်နေပြီး အစားထိုး ဂိုးသမားတစ်ဦး ခေါ်ယူလာနိုင်ဖွယ်ရှိနေပါတယ်။ရက်ချ်ဖို့ဒ်၊ ဆန်ချို နှင့် အန်တိုနီတို့ကဲ့သို့ ကစားသမားတွေကတော့ အပြောင်းအရွှေ့စာရင်းတွင် ပါဝင်နေသော်လည်း လုပ်ခများစွာ ရရှိနေတဲ့ ထိုတိုက်စစ်မှူးများအတွက် သဘောတူညီမှုရရှိရန်မှာ မလွယ်ကူပါဘူး။