The network connection is lost.

Banner Image

ဆက်စ်ကို ဒဏ်ရာမပြင်းထန်ဖို့ ယူနိုက်တက်မျှော်လင့်

မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲပြီးကာနီးမှ ဒဏ်ရာပြဿနာကြုံတွေ့သွားခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုရဲ့ဒဏ်ရာကို မပြင်းထန်စေဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ ဆက်စ်ကိုအနေနဲ့ အဆိုပါဒဏ်ရာကြောင့် နိုင်ငံတကာပွဲစဉ်တွေအတွက် ဆလိုဗေးနီးယားလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားနိုင်မှာမဟုတ်ဘဲ ဒဏ်ရာအခြေအနေကိုစောင့်ကြည့်ဖို့အတွက် မန်ချက်စတာမှာပဲ ဆက်လက်နေထိုင်ရမှာဖြစ်ပါတယ်။

သတင်းတွေအရ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဒူးခေါင်းအခြေအနေကို စမ်းသပ်မှုတွေပြုလုပ်နိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ ယူနိုက်တက်အနေနဲ့ကတော့ ဆက်စ်ကိုတစ်ယောက် နိုင်ငံတကာပွဲစဉ်တွေအပြီး ပရီးမီးယားလိဂ်ပြန်စခင်မှာပဲ ဒဏ်ရာမှပြန်လာနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် ဆက်စ်ကိုအနေနဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ ထွက်ခွာခဲ့ရပေမယ့် ယူနိုက်တက်ကတော့ ဒဏ်ရာပြင်းထန်မှာမဟုတ်ကြောင်းနဲ့ ကာလရှည်အနားယူရမှာမဟုတ်ကြောင်း ယုံကြည်ထားတယ်လို့ဆိုပါတယ်။  တစ်ချန်တည်းမှာပဲ ယူနိုက်တက်ဟာ အသင်းရဲ့နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခွင့်ပြုထားခဲ့ပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ မကြာသေးမီကမှ လေ့ကျင့်ခန်းပြန်ဆင်းနေတာဖြစ်ပေမယ့် အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။ 

မာတီနက်ဇ်အနေနဲ့ အာဂျင်တီးနားအသင်းကိုပြန်လည်ရောက်ရှိနေပေမယ့် ပွဲစဉ်တွေမှာ‌တော့ ပါဝင်ကစားနိုင်ဦးမှာမဟုတ်ဘူးလို့လည်းသိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ မာတီနက်ဇ်ရဲ့အခြေအနေကိုစောင့်ကြည့်ဖို့အတွက် အသင်းမှဝန်ထမ်းတစ်ဦးကို ကစားသမားနဲ့အတူ အာဂျင်တီးနားသို့ပို့ဆောင်ထားပါတယ်။