
ဘရိုက်တန်စတားလုပွဲထဲမှာ မန်ချက်စတာမြို့ခံပြိုင်ဘက်အသင်းပါ ပါဝင်လာ
သတင်းတွေအရ ယူနိုက်တက်ကစိတ်ဝင်စားနေတဲ့ ဘရိုက်တန်စတား ဘာလီဘာကို မန်စီးတီးအသင်းကပါ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက ယူနိုက်တက်ဟာ ဘာလီဘာကိုခေါ်ယူဖို့ ဘရိုက်တန်ထံ ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နံပတ် ၆ နေရာအတွက် ပစ်မှတ်ထားနေပြီး ဘာလီဘာကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ဘရိုက်တန်ဘက်က ဘာလီဘာအတွက် ကနဦးပေါင်သန်း ၉၀ + အပိုဆုကြေး ၁၀ သန်းလောက်နဲ့ကမ်းလှမ်းမယ်လို့ဆိုရင် လက်ခံဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ESPN သတင်းဌာနကတော့ ဘရိုက်တန်အနေနဲ့ ယူရိုသန်း ၁၂၀ လောက်အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခြားသတင်းတွေကလည်း ဘာလီဘာကို စီးတီးက စိတ်ဝင်စားနေသလို ဂွါဒီယိုလာဟာ ကင်မရွန်းသားကို ကာလရှည်အလိုရှိနေတာလို့ ဆိုပါတယ်။
ဘရိုက်တန်ဘက်က အသက် ၂၁ နှစ်သားကို ဆက်ထိန်းထားချင်ပေမယ့် လိုချင်တဲ့တန်ကြေးရရင် လက်လွှတ်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၇၀ လောက်ဆိုရင်တော့ ဘာလီဘာကိုခေါ်ယူနိုင်မယ့်အခြေအနေမရှိသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဂါနာချို ၊ အန်တိုနီ နဲ့ ဆန်ချိုတို့ကိုရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင်တော့ ဘာလီဘာကိုခေါ်ယူနိုင်ချေရှိနေပါတယ်။
ESPN သတင်းဌာနက ဘာလီဘာဟာ ဘရိုက်တန်မှာဆက်နေချင်နေပြီး လာမယ့်နွေမှသာ အသင်းပြောင်းချင်နေတယ်လို့ ဆိုပါတယ်။ ဘာလီဘာ နဲ့ ဘရိုက်တန်တို့ကြား စာချုပ်သက်တမ်း ၂၀၂၈ အထိရှိနေပြီး ၁ နှစ်အပိုသက်တမ်းတိုးခွင့်လည်း ပါရှိတာဖြစ်ပါတယ်။၂၀၂၃ လိုင်လီကနေပြောင်းလာပြီးကတည်းက ဘာလီဘာတစ်ယောက် ဘရိုက်တန်အတွက် ၇၇ ပွဲပါဝင်ကစားပေးထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဘာလီဘာဟာ ဘရိုက်တန်ရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့တဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကတော့ ယူနိုက်တက်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ ပြဿနာမရှိဘူးလို့ ဆိုပါတယ်။တကယ်လို့ ယူနိုက်တက်ကိုပြောင်းဖြစ်ခဲ့ရင် ဘာလီဘာဟာ ထိပ်ဆုံးအသင်း ၆ သင်းကိုပြောင်းရွှေ့နိုင်တဲ့ ဘရိုက်တန်ကစားသမား ၆ ယောက်ထဲက တစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဘရိုက်တန်စတားဟောင်းတွေဟာ လက်ရှိသက်ဆိုင်ရာထိပ်တန်းအသင်းတွေမှာ ကစားနေကြတာဖြစ်ပါတယ်။