The network connection is lost.

Banner Image

အသင်းဖော်သစ် ဂရာဗန်ဘတ်ချ်အကြောင်း ဖွင့်ဟလာတဲ့ လီဗာပူးတိုက်စစ်မှူး ဂျိုတာ

အခုနွေရာသီအပြောင်းအရွှေ့ကာလပိတ်သိမ်းခါနီး အန်ဖီးလ်မြေဆီဆိုက်ရောက်လာတဲ့ ဂရာဗန်ဘတ်ချ်ဟာ အသင်းသစ်မှာ အတော်လေးအခြေတကျဖြစ်နေပြီလို့ လီဗာပူးတိုက်စစ်မှူး ဂျိုတာက ပြောပါတယ်။ ပရီးမီးယားလိဂ်ကလပ်က နယ်သာလန်ကွင်းလယ်ကြယ်ပွင့်ကို ဘိုင်ယန်မြူးနစ်ထံမှ ယူရိုသန်း ၄၀ တန် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

“သိတဲ့အတိုင်းပဲ ဂရာဗန်ဘတ်ချ်မှာ အလွန်ရင်းနှီးတဲ့လူနှစ်ဦးရှိတယ်။ ဒတ်ချ်ကစားသမားတွေပေါ့။ အခု သူတို့က သုံးယောက်ဖြစ်သွားလို့ သူတို့အချင်းချင်းအကူအညီပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီအဖွဲ့ထဲမှာ မပါပါဘူး။ သူနဲ့ လေ့ကျင့်ရေးနှစ်ကြိမ်လောက်ပဲ လုပ်ခဲ့ဖူးရုံပါ။ ဒါပေမယ့် သူ့ရဲ့ခြေစွမ်းနဲ့ သူသယ်ဆောင်လာမယ့် အရည်အသွေးကောင်းတွေကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ပြီးပါပြီ။ ဂရာဗန်ဘတ်ချ်က ကျွန်တော်တို့အသင်းရဲ့ ရှေ့ခရီးလမ်းအတွက် ကူညီပေးမယ့်သူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

မာဆေးဆိုဒ်ကလပ်က အခုပရီးမီးယားလိဂ်ရာသီသစ်ကို ရှုံးပွဲမရှိပုံစံကောင်းဖြင့် အကောင်းဆုံး စတင်နေပြီး မနက်ဖြန်(စနေနေ့)မှာ ဝုဗ် အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးရဲ့ ရာသီသစ်စတင်မှုနဲ့ ပတ်သက်လို့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးက“ကျွန်တော်တို့က ပွဲတိုင်း အနိုင်မရခဲ့လို့ ဒီစတင်မှုက ပြီးပြည့်စုံမှုမရှိပါဘူး။ ဒါပေမယ့် ပွဲချဉ်းကပ်ပုံကအစ အပြောင်းအလဲတွေ အများကြီးပြုလုပ်ထားတဲ့ ကျွန်တော်တို့အသင်းအတွက် ရနိုင်တဲ့အမှတ် ၁၂ မှတ်မှာ ၁၀ မှတ်အထိ စုဆောင်းထားနိုင်ခဲ့လို့ ကျွန်တော်တို့ ပျော်ရွှင်ရမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ အနီကတ်ပြစ်ဒဏ်တွေနဲ့အတူ ခက်ခဲတဲ့ အခြေအနေတွေ တွေ့ကြုံခဲ့ရပါတယ်။ ဒါက အပြုသဘောဆောင်တဲ့ စတင်မှုတစ်ခုလို့ ယူဆထားပြီး ဒီနေရာမှတဆင့် ကျွန်တော်တို့ ရှေ့ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။