
လေဗာကူဆင်စတားကို ခေါ်ယူနိုင်တော့မယ့် လီဗာပူး
သတင်းတွေအရ လီဗာပူးအသင်းဟာ နွေရာသီပထမဆုံးခေါ်ယူမှုအဖြစ် လေဗာကူဆင်စတား ဖရင်းပေါင်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ဖရင်းပေါင်ကို အာနိုးလ်နေရာအတွက် အစားထိုးခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သတင်းတွေအရ လီဗာပူးတာဝန်ရှိသူတွေဟာ အသက် ၂၄ နှစ်သားကို ခေါ်ယူဖို့ ဆွေးနွေးနေတာ အဆင်ပြေနေတယ်လို့ သိရပါတယ်။
ညာနောက်ခံလူ အာနိုးလ်တစ်ယောက် ရီးရဲလ်အသင်းထံပြောင်းရွှေ့မှာဖြစ်ပြီး ဘရက်ဒလေက အစားဝင်နိုင်ပေမယ့် စလော့က ဖရင်းပေါင်ကိုသာ ခေါ်ယူချင်နေပါတယ်။ နယ်သာလန်သားဟာ လေဗာကူဆင်အတွက် ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၀ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဖရင်းပေါင်ကို ဆွေးနွေးနေတာအဆင်ပြေနေပေမယ့် တကယ်လို့ ထင်မှတ်မထားတာဖြစ်လာခဲ့ရင် လိုက်ပ်ဇစ်စတား ဂီထရူတာကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးအသင်းဟာ လက်ကျန်ရာသီအတွက် ၂ ပွဲကန်ရမှာဖြစ်ပြီး တနင်္လာနေ့မှာ ဘရိုက်တန် နဲ့ ရာသီပိတ်နောက်ဆုံးပွဲမှာ ပဲလေ့စ်တို့နဲ့ကန်ရမှာဖြစ်ပါတယ်။