The network connection is lost.

Banner Image

လေဗာကူဆင်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို အထူးအာရုံစိုက်နေတဲ့ ကွန်ပနီ

လေဗာကူဆင်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်၊ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီဆီမှာ ဟန်ဆောင်ပန်ဆောင်အခြေအနေတောင် မရှိတော့ပါဘူး။ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဗင်းဆင့်ကွန်ပနီက သူ့ရဲ့အတွေးအမြင်တွေကို မီဒီယာတွေဆီ ချပြသွားခဲ့ပါတယ်။ စိတ်ဝင်စားစရာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ဘယ်လ်ဂျီယံလူမျိုးနည်းပြက ပြိုင်ဘက်လေဗာကူဆင်ဆီမှ ဘာကိုမျှော်လင့်ထားသလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

ကွန်ပနီက “ကျွန်တော်တို့ တက်နိုင်သမျှ ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့အနိုင်ရချင်တဲ့ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေ၊ ကျွန်တော်တို့ သွင်းယူချင်တဲ့ ဂိုးတွေအကြောင်း ပြောနေတာပါ။ အဆုံးမှာတော့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကပဲ အရာရာတိုင်းကို အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ ကျွန်တော်တို့မှာလည်း မနက်ဖြန်ပွဲစဉ်အပေါ် ကြီးမားတဲ့လွှမ်းမိုးမှုတစ်ခု ရှိလာပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ်နည်းပြဖြစ်နေချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ်လွယ်ကူနေပါလိမ့်မယ်။ ဒီအသင်းက အရာရာတိုင်းကို အမြဲတမ်းလိုလို အနိုင်ယူချင်ကြပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်တွေ နောက်တစ်ဆင့်ဆီတက်လှမ်းသွားစေနိုင်မယ့် ရလဒ်မျိုးကိုပဲ လိုချင်ပါတယ်။ ပွဲစဉ်တစ်ခုကစားချိန် အနိုင်ရရှိဖို့ဆိုတဲ့ အဓိကဦးတည်ချက်တစ်ခုနဲ့ပဲ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အသက်-၃၈ နှစ်အရွယ်နည်းပြက အိုလီစီရဲ့ခြေစွမ်းပိုင်းနဲ့ အလွန်ဆိုဦးဆောင်တဲ့အသင်းကို ရင်ဆိုင်ရချိန် ချဉ်းကပ်မှုပုံစံဟောင်းတွေအကြောင်း မဆွေးနွေးမီ လေဗာကူဆင်အသင်းအတွက် အဓိကကစားသမားဖလော်ရီယန်ဝစ်ဇ် ဒဏ်ရာရရှိမှုကို အလွန်စိတ်မကောင်းဖြစ်မိတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ကွန်ပနီက “ အိုလီစီဆီမှာ အရည်အသွေးကောင်းတွေ ရှိပါတယ်။ သူက တောင်ပံမှာကစားမယ်ဆိုရင်လည်း ပြိုင်ဘက်အတွက် အလွန်အန္တရာယ်ရှိစေသလို ဗဟိုမှာလည်း ကစားနိုင်တဲ့စွမ်းရည် ရှိပါတယ်။ ဒါမျိုးတွေက အနာဂတ်ကာလအတွက် အရေးကြီးလာပါလိမ့်မယ်။

အသင်းတစ်ခုက ကျွန်တော့်တို့ကို ခံစစ်မှာပဲရှိနေအောင် လုပ်ဆောင်လာမယ်ဆိုရင် ကျွန်တော်တို့ကလည်း ခံစစ်မှာပဲ စုဖွဲ့ကစားပါမယ်။ ဒါကို လေဗာကူဆင်နဲ့ ဂိုးမရှိသရေကျတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၂ မှာ ပြသခဲ့ပြီးပါပြီ။ အခုရရှိထားတဲ့အရာကိုပဲ ဆက်လုပ်သွားဖို့ဆိုတာ ကျွန်တော်တို့ရဲ့အမြဲတမ်းရည်မှန်းချက်ပန်းတိုင် ဖြစ်ပါတယ်။ မနက်ဖြန်ပွဲစဉ်အတွက်လည်း အတူတူပါပဲ။ မနက်ဖြန်ပွဲစဉ်က ငြီးငွေ့စရာပွဲစဉ်မျိုးမဖြစ်လာဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ထားနိုင်ပါတယ်။ ဒါပေမယ့် အဖြစ်အပျက်တွေ အများကြီးရှိလာပါဦးမယ်”လို့ ပြောဆိုရင်း သတင်းစာရှင်းလင်းပွဲကို နိဂုံးချုပ်ခဲ့ပါတယ်။