အသင်းနဲ့ အလားအလာအပေါ် တန်ဟက်အား ပြောကြားလိုက်တဲ့ ကိုလ်ယာ
အသက် ၂၀ အရွယ် ကစားသမားဟာ ရာသီကြိုမှာ လက်ရှိအချိန်အထိ တန်ဟက်ရဲ့အသင်းအတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ရိုဆန်ဘတ်နှင့်ပွဲမှာ လူစားလဲဝင်ရောက်ခဲ့ပြီးနောက် ရိန်းဂျားစ်၊ အာဆင်နယ်တို့နှင့် ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ ဘရိုက်တန်ကနေ ရောက်လာခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့ အစီစဉ်ထဲသို့ ပါဝင်ဖို့ကြိုးစားနေကာ မကြာခင်အချိန်မှာ အခွင့်အရေးပိုရလာဖို့ မျှော်လင့်လို့ရပါတယ်။"ဒါဟာ အရမ်း အရမ်းကို တန်ကြေးရှိပါတယ်"လို့ ကိုလ်ယာက လက်ရှိအချိန်အထိ ခြေစမ်းပွဲများတွင် ကစားရတာနဲ့ပတ်သက်ပြီး ပြောကြားထားပါတယ်။ "အားလုံးက ဒီလိုလုပ်ချင်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ အားလုံးက ပထမအသင်းမှာ ပါဝင်ကစားချင်ကြမှာပါ။ ဒီလိုကွင်းကြီးမျိုးမှာ ကျွန်တော်က အခွင့်အရေးရရှိခဲ့ပြီး ဒီလိုနေ့ထိပ်တန်းအဆင့်မှာ ကစားရတာက အရမ်းကို ကောင်းပါတယ်" "ဒါကြောင့် ကျွန်တော် တဆင့်ပြီးတဆင့်တက်သွားမှာဖြစ်ပြီး ဘာလုပ်နိုင်သလဲဆိုတာကို ပြသနိုင်ဖို့ အခွင့်အရေးတွေပိုမိုရရှိဖို့ မျှော်လင့်မိပါတယ်" လို့ ပြောထားပါတယ်။
အင်ဂယ်ဝုဒ်မှာ ယူနိုက်တက်ဟာ အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဟွိုက်လန်းက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သော်လည်း ပြိုင်ဘက်အသင်းက ဂျီးဆပ်နှင့် မာတင်နယ်လီတို့က ဂိုးများသွင်းယူခဲ့ကြပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ကိုလ်ယာက ကျေနပ်နေပြီး ၄၅ မိနစ်သာ ကစားခဲ့ရသော်လည်း အာဆင်နယ်နှင့်ပွဲမှာ ကြိုးစားခဲ့ကြောင်း ဝန်ခံထားပါတယ်။ "ဒါဟာ ခက်ခဲတဲ့ပွဲပါ၊ အသင်းလိုက်ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကောင်းတာတွေလည်း လုပ်ခဲ့သလို တိုးတက်ရမယ့်နေရာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြပြီး နည်းပြကလည်း ဘာတွေလုပ်စေချင်သလဲဆိုတာကို ပြောပြခဲ့ပါတယ်" "ကျွန်တော် ကစားခဲ့တဲ့အပေါ် သဘောကျမိသလားဆိုတော့ ကျပါတယ်။ အဆင်ပြေတဲ့ ပွဲတစ်ခုလို့ထင်ပါတယ်။ ပိုကောင်းအောင်လုပ်ရမယ့်နေရာတွေရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့လိုပွဲမျိုးက အတွေ့အကြုံကောင်းရခဲ့တဲ့ပွဲပါ၊ မနက်ဖြန်လေ့ကျင့်ရေးတဲ့ နောက်ပွဲမှာ အဲ့ဒီတွေ့အကြုံကို သယ်သွားနိုင်မှာပါ"လို့ ကိုလ်ယာက ပြောပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကွင်းလယ်တွင် ကက်စ်မဲရိုးနှင့်အတူ ပွဲထွက်ရတဲ့အပေါ် လူငယ်ကစားသမားက ကျေနပ်နေပြီး ဘရာဇီးနိုင်ငံသားဆီကနေ တက်နိုင်သလောက်အများကြီး သင်ယူလေ့လာခဲ့ပါတယ်။ "သူနဲ့အတူ ကစားရတာ အရမ်းကိုတန်ဖိုးရှိပါတယ်။ ဒီနေရာမှာ သူကအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ဆီကနေ သင်ယူရတာက ကျွန်တော်လိုကစားသမားအတွက် အရမ်းကောင်းပါတယ်။ လေ့ကျင့်ရေးတွေမှာ သူ့ကို စောင့်ကြည့်ခဲ့ပြီး ကျွန်တော့်ကိုလည်း အများကြီးကူညီပေးခဲ့ကာ အခြားကစားသမားတွေကလည်း ကူညီပေးခဲ့ကြပါတယ်။ အသင်းမှာတော့ သူက တကယ့်ကိုခေါင်းဆောင်ကောင်းပါပဲ" လို့ ကိုလ်ယာက ပြောပါတယ်။