The network connection is lost.

Banner Image

ယူရို ၂၀၂၄ က နည်းပြရဲ့ဆက်ဆံပုံတွေကြောင့် လက်ရွေးစင်အသင်းမှ အနားယူဖို့ စဉ်းစားနေတဲ့ ကိုးမန်း

ယူရို ၂၀၂၄ တွင် နည်းပြရဲ့ ဆက်ဆံပုံတွေကြောင့် ပြင်သစ်ကြယ်ပွင့် ကိုးမန်းဟာ လက်ရွေးစင်အသင်းရှိ သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေပါတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

ကိုးမန်းဟာ ပြင်သစ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကွင်းထဲတွင် ကစားခွင့်အချိန်အနည်းငယ်သာရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေဟာ စပိန်အသင်းကို ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့တာကြောင့်ပြိုင်ပွဲမှာထွက်ခဲ့ရကာ ဘိုင်ယန်ကစားသမားကတော့ ပြိုင်ပွဲအားလုံးတွင် ၁၅ မိနစ်သာ ကစားခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ နယ်သာလန်အသင်းနှင့် ဂိုးမရှိ သရေကျခဲ့တဲ့ပွဲတွင် လူးစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်တွင် ဘရက်ဒ်လေဘာကိုလာကိုသာ မကြာခဏဆိုသလို နည်းပြက ဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သူရဲ့စိတ်ပျက်မှုများကြောင့် ကိုးမန်းဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူရန် ဆုံးဖြတ်နိုင်တဲ့အထိပင် ဦးတည်သွားခဲ့ရပါတယ်။

L'Equipe ရဲ့ အဆိုအရ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ မကြာသေးမီက အတွေ့အကြုံများကြောင့် စိတ်ဒဏ်ရာများ ရရှိခဲ့ကာ လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်ရဲ့ လက်အောက်တွင် ပွဲကစားချိန်များနည်းလာပါက ကလပ်အသင်းအတွက်သာ အာရုံစိုက်ရန် လက်ရွေးစင်ဘဝမှ အနားယူတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းအတွက် ပျော်မယ့်အုပ်စုကတော့ ဘိုင်ယန်မြူးနစ်ပါ။

ကိုးမန်းဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံတွင် ၂၇ ကြိမ်သာ ပါဝင်ကစားကာ ဂျာမန်သို့သို့ ရောက်ရှိကတည်းက ဒဏ်ရာများဖြင့် ဆက်တိုက်ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ ပြောင်းရွှေ့လာကတည်းက ဒဏ်ရာကြောင့် စုစုပေါင်း ၁၀၇ ပွဲ လွဲချော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးအကြိမ် ဆုဖလားနှင့်လွဲချော်ခဲ့ရပြီး ဘိုင်ယန်မြူးနစ်ရဲ့ ၁၁ နှစ်ကြာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဘွဲ့ကို အုပ်စိုးထားမှုကလည်း လေဗာကူဆင်ကြောင့် ရပ်တန့်သွားခဲ့ရပါတယ်။