
မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ ဒီဘရိုင်း
၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းမှာ ပါဝင်နိုင်ဖို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒီဘရိုင်းရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်လာပြီဖြစ်ကာ စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုကာ ဆော်ဒီလိဂ် နဲ့ မေဂျာလိဂ်ကိုငြင်းဆန်ဖွယ်ရှိနေပါတယ်။မယ်ရာသတင်းဌာနကလည်း ဘယ်လ်ဂျီယံသားဟာ နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားမှာပါဝင်ကစားပေးနိုင်ဖို့ စီးတီးမှာဆက်နေဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
သတင်းတွေအရ မန်စီးတီးအသင်းဟာ ဒီဘရိုင်းကိ ၁၂ လစာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေကာ ကစားသမားဘကက်က လစာလျော့ယူရဖွယ်ရှိနေပါတယ်။ ဘယ်လ်ဂျီယံသားဟာ လက်ရှိမှာတစ်ပတ်လုပ်ခပေါင် ၃၇၅၀၀၀ အထိရရှိနေပေမယ့် စာချုပ်သစ်ထဲမှာတော့ တစ်ပတ်ကို ပေါင် ၁ သိန်းခွဲလောက်သာရဖွယ်ရှိနေပါတယ်။ ဂွါဒီယိုလာကလည်း အသက် ၃၄ နှစ်သားကို အသင်းမှာ ၁ နှစ်လောက်ထပ်ထိန်းထားဖို့ အလိုရှိနေပါတယ်။ “အသင်းမှာ အသက် ၃၀ ကျော်နေတဲ့ကစားသမားတွေရှိနေပါတယ်။ ဒါပေမယ့် သူတို့ကလည်း အသင်းရဲ့အနာဂတ်အစိတ်အပိုင်းတွေပါ။ ကီဗင် နဲ့ အသင်းတာဝန်ရှိသူတွေက ဆက်လုပ်ဆောင်ပါလိမ့်မယ်။
လူတိုင်းလာမယ့်ရာသီအတွက် စာချုပ်ရှိပါတယ်။ သူဒီမှာဆက်နေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ လာမယ့်ရာသီက ပွဲတွေအများကြီးကန်ရမှာပါ။ ကျွန်တော်တို့ ကစားသမားအသစ်တွေချည်းပဲနဲ့ ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့အားလုံးက အသင်းကိုအကူအညီပေးနေတဲ့ အစိတ်အပိုင်းတွေပါပဲ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ပလိုင်းမောက်ကို ၂-၁ နဲ့အနိုင်ရပြီးနောက် စီးတီးဟာ မတ်လ ၈ ရက်နေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။