
တော့တင်ဟမ်နဲ့ ခြေစမ်းပွဲကစားမယ်လို့ အတည်ပြုလိုက်တဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်အသင်းဘက်က လာမယ့် ၂၀၂၅ - ၂၆ ရာသီမတိုင်ခင် တော့တင်ဟမ်နဲ့ ခြေစမ်းပွဲကန်မယ်လို့ အတည်ပြုလိုက်ပါတယ်။ အဆိုပါသတင်းဟာ တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ကိန်းအတွက် အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ အခုရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့သလို ကိန်းအနေနဲ့လည်း ကစားသမားဘ၀ ပထမဆုံးဆုဖလားကိုရယူနိုင်ခဲ့ပါတယ်။
လာမယ့်သြဂုတ်လ ၇ ရက်နေ့မှာ ဘိုင်ယန်ဟာ အိမ်ကွင်းမှာ တော့တင်ဟမ်နဲ့ကစားမှာဖြစ်ပြီး Telekom Cup ပွဲအဖြစ် ကစားမှာဖြစ်ပါတယ်။ ကိန်းဟာ ဘိုင်ယန်ကစားသမားအဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ထားပြီးဖြစ်ကာ ၂၀၂၄ နွေရာသီတုန်းက ခြေစမ်းပွဲကန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ ဘိုင်ယန်က အူပါမီကာနို ၊ ဂနာဘရီ ၊ မူလာတို့ရဲ့ဂိုးတွေနဲ့ တော့တင်ဟမ်ကို ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။
မိုနာကိုအသင်းထံမပြောင်းခင် အဲရစ်ဒိုင်ယာကလည်း ဘိုင်ယန်ကိုပြောင်းရွှေ့ခဲ့သေးတာဖြစ်ပြီး ဘိုင်ယန်စတား တဲလ်ကတော့ တော့တင်ဟမ်ထံ အငှားထွက်ကစားနေပါတယ်။ ကိန်းဟာ တော့တင်ဟမ်ကနေ ဘိုင်ယန်ပြောင်းပြီးကတည်းက ၈၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ဟာ လာမယ့် မေလ ၂၁ ရက်နေ့မှာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကန်ရမှာဖြစ်ပြီး ဆုဖလားရရှိခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ပါရရှိမှာဖြစ်ပါတယ်။