
ဒူးဒဏ်ရာကြောင့် အနားယူရတော့မယ့် အာဆင်နယ်စတား
သတင်းတွေအရ အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်တစ်ယောက် ဗုဒ္ဓဟူးနေ့က လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ဘယ်လောက်နားရမလဲဆိုတာမသိရသေးတာဖြစ်ပါတယ်။ နယူးယောက်ခ်တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ ဟာဗက်ဇ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ဘူးလို့ ဖော်ပြခဲ့ကာ အခြေအနေတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ရဲ့တိုက်စစ်ကို ပုံမှန်တာဝန်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ယူနိုက်တက်နဲ့အဖွင့်ပွဲမှာလည်း ယိုကရက်စ်နေရာမှာ လူစားဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ပွဲမှာ အရန်ခုံကနေသာ မိနစ် ၃၀ လောက် လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်သားဟာ ၂၀၂၃ နွေရာသီတုန်းက ချဲလ်ဆီးထံကနေ အာဆင်နယ်ထံ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၈၈ ပွဲမှာ ၂၈ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဘက်ကတော့ ကစားသမားပြန်လာမယ့်အချိန်ကို အတည်မပြု နိုင်သေးတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယနေရာမှာရပ်တည်နိုင်ပြီး အခုရာသီသစ်မှာတော့ တိုက်စစ်ပိုင်းအားနည်းမှုကို ယိုကရက်စ်နဲ့ဖြည့်တင်းကာ ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။