
King Cup ဖလားပွဲမှာ ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းတာနဲ့ပတ်သက်ပြီး ဂျီးဆပ်စ်ရှင်းပြ
အယ်လ်နာဆာအသင်းနည်းပြ ဂျီးဆပ်စ်က အင်္ဂါနေ့တုန်းက ဂျက်ဒက်ချ်နဲ့ဖလားပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ ရော်နယ်ဒိုမပါဝင်ပဲ အယ်လ်နာဆာအသင်းဟာ အဆိုပါပွဲမှာ ၄-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဂျာအိုဖီးလစ်က အသင်းအတွက် ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပြီး အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးကနေ ဆော်ဒီမြေထံပြောင်းရွှေ့ပြီးနောက် ဖီးလစ်တစ်ယောက် သူ့ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်ခဲ့ကာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ ၇ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကလည်း ဖီးလစ်ဟာ အယ်လ်နာဆာတိုက်စစ်ကိုဦးဆောင်လာခဲ့ပြီး ၂ ဂိုးပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ အယ်လ်နာဆာအတွက် ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့တုန်းက အယ်လ်-ရီယက်ဒ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့်လည်း ဂျီးဆပ်စ်ကို အသက် ၄၀ အရွယ်စတားကို ဖလားပွဲမှာ အနားပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် သူ့ကိုအနားပေးခဲ့တာက ကြံ့ခိုင်မှုအပြင် လာမယ့်ဆော်ဒီလိဂ်ပွဲတွေအတွက် ပြင်ဆင်ဖို့ ချန်လှပ်ထားခဲ့တာပါ”လို့ ဂျီးဆပ်စ်က ပြောကြားခဲ့ပါတယ်။ အနားရခဲ့ပြီးနောက် ရော်နယ်ဒိုတစ်ယောက် လာမယ့်အယ်လ်-အီတီဟက်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ အယ်လ်နာဆာအသင်းဟာ ၃ ပွဲကစားပြီးချိန်မှာ ဂိုးကွာခြားချက်နဲ့ အယ်လ်-အီတီဟက်အထက်မှာ ရပ်တည်နေပါတယ်။